မနက်နိုးလာလို့ ကြမ်းပြင်ပေါ်ကိုကြည့်လိုက်တော့ပြောင်ရှင်းနေလေရဲ့
wu yifan ဘယ်အချိန်ကများထသွားလိုက်တာလဲ
ရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ ရေမိုးချိုုးပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်ထမင်းစားခန်းထဲမှာခေါက်ဆွဲကိုအပီပြင်စားနေတဲ့ wu yifan
ပါးလေးကဘာလို့အဲ့လောက်ဖောင်းနေရတာလဲ မျက်ခုံးထင်းထင်းလေးနဲ့မနက်အစောမို့ထင်ပါတယ်ကြည်လင်နေတဲ့ခင်ဗျားရဲ့မျက်နှာလေး
wu yifan ခင်ဗျား ကိုတကယ်ပါ လူလားအရုပ်လားမသဲကွဲတော့ဘူး
"အဟမ်းးးး"
"အဟွတ် -----အဟွတ် chan လား"
"ကျစ် ဖြေးဖြေးစားလေးဗျာ ရော့ရေ လျှောက်စမ်းမနေနဲ့"ရေဘူး ကိုစမ်းနေတဲ့ ခင်ဗျားရယ် ကျနော့်အသံကြားတာနဲ့
စားနေတာတောင်သီးတဲ့အထိလန့်ရလား"အဟွတ် ---ဟင်းးးး ကိုယ် သတိမထားမိလိုက်လို့"မမြင်နိုင်တဲ့ကိစ္စအပေါ်ကိုယ်အားငယ် မိတာမင်းနဲ့ကျမှ chan
ချောင်းဆိုးလို့မျက်ရည်ထွက်တာလား
ငိုနေတာလားမသဲကွဲတော့တဲ့ wu yifan
"ခင်ဗျားကချောင်းဆိုးတာလားငိုနေတာလား""ဟင့်---အင့်--ငိုနေတာမဟုတ်ပါဘူး chan မနက်စာစားတော့မလားဟင် အင့် "မငိုပါဘူးကလေးရယ် မင်းပြောတာတွေကလဲအမှန်တွေပါပဲကိုယ့်ဘဝကိုယ်အားငယ်မိယုံပါ
ခင်ဗျားညာတယ် ငိုမနေလို့ပဲရှိုက်သံတွေပါလာရတာလား ကျစ် ခင်ဗျားနဲ့တော့စိတ်ရှုပ်တာပဲ စိတ်ရှုပ်ရှုပ်နဲ့wu yifan ကိုကြည့်နေရာကမျက်နှာလွှဲလိုက်မိတယ် မလိုက်ဖက်လိုက်တာမျက်ရည်တွေနဲ့ နီရဲနေတဲ့မျက်နှာလေး
လွှဲလိုက်မိတဲ့မျက်နှာဟာ wu yifan စားနေတဲ့ခေါက်ဆွဲပန်းကန်ပေါ်အရောက် စားချင်စရာကြီး
" ဂလု စားမယ် ခင်ဗျား လိုခေါက်ဆွဲစားချင်တာ"သူစားနေတာအားရစရာကြီးရှလွတ်ရှလွတ်နဲ့ပန်းကန်လုံးကလဲအကြီးကြီး ခေါက်ဆွဲဖက်ကလဲထူထူအိအိလေး
ဟိုဘက်လှည့်ပြီးရှိုက်ငိုနေတဲ့ wu yifan ကိုတော့ chanyeol သတိမထားလိုက်မိဘူး"ခဏ ---ဟင့် ဟင့် ခဏတော့စောင့်နော်"မျက်ရည်တွေကလဲခုမှဘာလို့ထွက်နေရတာလဲ
YOU ARE READING
Blind
Фанфикမျက်စိမမြင်တဲ့ကောင်လေးနဲ့ လူကြီးတွေအတင်းစီစဉ်လို့ လက်ထပ်ရတဲ့ အတွဲဟာ အဆင်ပြေနိုင်ပါ့မလား