part-12

1.3K 82 9
                                    

ဒီနေ့လဲအလုပ်ကသာပြန်လာရတယ် ဘာကိုမှစိတ်ထဲမရှိဘူး wu yifan မျက်နှာလေးပဲ မြင်ယောင်နေတာ
တံခါးကိုဖွင့်ပြီးစိတ်ပျက် လက်ပျက်နဲ့ပဲ
ဆိုဖာပေါ်ပြစ်ထိုင်ပြစ်လိုက်တယ် ။

"wu yifan ရေပြန်လာပါတော့ငါလဲ ရူး ချက် wu yifan ကိုကြည့်နေရာတကာမြင်နေရတယ်" ထထွက်လာခဲ့လိုက်တယ် ကျနော်အရူးရင့်နေပြီ ခင်ဗျားရေပြန်လာခဲ့တော့ ကျနော်မြင်နေရတဲ့ wu yifan ပုံရိပ်ကလေးကအရမ်းအသက်ဝင်တာပဲ ဆိုဖာပေါ်မှာ ငုတ်တုတ်လေးကျနော့်ကိုစောင့်ကြည့်နေတဲ့ wu yifan အခု လဲ ကျနော် အခန်းထဲဝင်မလို့ဟာကို ရှေ့ကနေလာပိတ်နေတယ် ကျနော့်သဲငယ် ကအခုလိုလာပိတ်မတဲ့လား သဲငယ်ဟာ အမြဲတမ်း ငြိမ်ငြိမ်လေးပဲထိုင်နေတတ်တာ အဲ့လိုအချိန်ဆိုအရုပ်လေးနဲ့အရမ်းတူတာ။

"ဖယ် ပါ ဗျာဒီလောက်ဆိုကျေနပ်ပါတော့ ကျနော်အရူးရင့်နေပြီ ဗျ"

"တကယ်လား ကိုယ် ပြန်သွားရမှာလား"

"အဟက် park chanyeol တို့များ အရူးရင့်ချက် အသံလေးပါကြားယောင်နေပြီ"

ပြောပြောဆိုဆိုနဲ့ကြမ်းပြင်ပေါ်ထိုင်ချလိုက်တဲ့ chan ကျနော့်ကိုစေ့စေ့ကြည့်ပြီးမျက်ရည်တွေလျှံကျလာလေရဲ့။

"ဟော ဗျာ မငိုနဲ့လေ chan ပဲကိုယ့်ကိုပြန်လာပါတော့ဆိုတိတ်တော့နော်မငိုနဲ့"မျက်ရည်လေးတွေအသာလက်နဲ့တို့ပြီးသုတ်ပေးလိုက်တယ် ကျနော့် Chan က ခန့်ညားနေလိုက်တာမရိတ်တာကြာပြီဖြစ်တဲ့နှုတ်ခမ်းမွှေးလေးတွေရယ် ကျနေတဲ့မျက်တွင်းတွေရယ်အဲ့တာတွေနဲ့တောင်မှchan ရဲ့ချောမောမှုဟာမသေးသိမ်သွားဘူး။

"wu wu yifan ခင်ဗျား ခင်ဗျားးးး တကယ်ပြန်လာတယ်"

"ဟုတ်တယ် လေ chan က ပြန်လာပါတော့ဆိုပြီးပြောနေတယ်လို့ ဆယ်ဟွန်းက ပြောတယ်လေ အဲ့တာကြောင့်ပြန်လာတာ chan မကြိုက်လို့လား ဟင် "

"အားးးးဒီမျက်နှာ ဒီအသံလေး ဘယ်လောက်လွမ်းနေရလဲ "

"ကိုကောပဲ"

"ဟားးးးwu yifan ရူးအောင်ပြုစားနေတာလား"သူရောလွမ်းနေကြောင်းပြောပြီးရှက်သွားတဲ့မျက်နှာလေးနဲ့ခေါင်းလေးငုံ့သွားမှတော့ ဒီလူ ရူးပြီပေါ့။

BlindWhere stories live. Discover now