unicode.8

377 24 0
                                    

"wu yifan ရေ wu yifan "အာဘယ်ရောက်နေတာလဲ တွေ့ချင်လှပြီဗျ။

"wu yifan ရေ ခင်ဗျားဘယ်မှာတုန်းလို့အသံပေးအုန်း"ဟိုတနေ့ကကိစ္စတွေပြီးကတည်းကကျနော့် ချစ်သဲလေးက ကျနော့်ကိုရှောင်နေတာ မတတ်သာလို့တွေ့ရပြီဆိုရင်လဲနားရွက်လေးတွေပါးလေးတွေနှာခေါင်းလေးတွေကိုရဲလို့။

"wu yifan ရေကျနော် စိတ်မရှည်ဘူးဗျာ ထွက်ခဲ့တော့"တွေ့ချင်လှပြီ hyung ရေ။

"ဟိုလေ chan ဘာပြောမလို့လဲဟင်"

"ထွက်ခဲ့အဲ့တာဘာဖြစ်နေတာတုန်း"ကျနော်အူယားပြီးအပိုင်သိမ်းမိရင်ကျနော့်အပြစ်မဟုတ်ဘူးနော်မဟားတရားဆွဲဆောင်နေတဲ့ ခင်ဗျားလေးကြောင့်ပဲဘယ်နဲ့ အခန်းတံခါးလေးကိုအသာဟပြီးခေါင်းလေးကပြူတစ်ပြူတစ်နဲ့ ချစ်လွန်းလို့သေရပါတော့မယ်။

"ဟိုလေ chan ပြောစရာရှိရင်ဒီတိုင်းပဲပြောလိုက်ပါ့လား"မဖြစ်ဘူးလေ chan သိသွားရင်အဆူခံရအုန်းမှာ။

"ကျစ် wu yifan စိတ်ကိုလာမဆွနဲ့"တံခါးကို ဆွဲ ဖွင့် လိုက်တော့ ရင်ဘတ်ထဲ ကို အင့်ခနဲ့ရောက်လာတဲ့ ကျနော့်ရဲ့အသဲလေး တော်သေးတယ် ဒီအရပ်နဲ့ဒီအရပ်ခေါင်းချင်းမတိုက်မိတာ။

"အ "

"ဘာဖြစ်လို့လဲ ဟင် yifan"ရင်ချင်းအပ်နေတာကိုခွာပြီးကြည့်လိုက်တော့မျက်ရည်တွေဝဲနေတဲ့ wu yifan တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တော့မှ ဖြူဖွေးနေရမယ့် ပေါင်လေးတွေမှာ အပူလောက်ထားတဲ့ အရည်ကြည်ဘုနီနီရဲရဲတွေကနေရာယူနေလေရဲ့ ခင်ဗျားရာဗျာကျနော့်သာသက်သွားပါတော့လား။

"ဘာ  ဘာ မှမဖြစ်ပါဘူး chan ရယ် ကိုယ်နားချင်လို့ အခန်းထဲဝင်တော့မယ် "

"တောက် wu yifan ဘယ်သူ့ကိုလာညာနေတာလဲကျနော့်ကိုခင်ဗျားလိုအကန်းများမှတ်နေလား"မလိုက်ဖက်လိုက်တာ ခင်ဗျားရယ် ကျနော်ကလေ ခင်ဗျားကိုလေမထိရေမထိထားချင်တဲ့ကောင်ဗျ။

"မအော်နဲ့ မကြိုက်ဘူး ကိုယ်မင်းထက်အကြီး သွား မင်းအခန်းမင်းသွား ကိုယ်သေသေ ရှင်ရှင်မင်းနဲ့မဆိုင်ဘူးပြီးတော့ ကိုယ်ကကန်းနေတာကိုယ်သိပြီးသားမင်းလှောင်စရာမလိုဘူး"မလှောင်ပါနဲ့တော့ chan ရယ် ကိုယ်လဲလူသားပေမို့ကြာရင်မင်းကိုမုန်းမိတော့မယ်။

BlindWhere stories live. Discover now