"ကျွတ် "ငယ်ရာအခုထိပြန်မလာသေးဘူး
ကျနော့်ပြောလိုက်တာလွန်များသွားလို့လား ကျနော်နဲ့ငယ်နဲ့ကမဟုတ်လည်းဝေးရမှာပဲလေ ကျနော် ငယ့်ကိုတွယ်ကပ်မနေချင်ဘူး ငယ်ကကျနော်နဲ့မထိုက်တန်ပါဘူး ပြီးတော့ငယ်ကကျနော်နဲ့မဖြစ်သင့်ဘူး။"ငယ်နဲ့တော့စိတ်ပူရလွန်းလို့သေတော့မှာပဲ ဒီလောက်အေးနေတာကိုအပေါ်ထပ်လည်းဝတ်မသွားဘူးမဖြစ်ပါဘူးလိုက်ရှာမှပါ"
4 hr later
"ကိုကိုလည်းမရှိဘူးအိပ်နေပြီနေမှာ"
"အင်းဒီနေ့ဖြစ်ခဲ့တာတွေကိုနားမလည်နိုင်ဘူး"
"ကိုကို့ကိုဘယ်လိုချော့ရမလဲ ကိုကိုနဲ့အဆင်ပြေအောင်နေချင်တာ"
အမှန်တော့ကျနော် chen စီမှာသွားနေနေတာပါ ကျနော်ပြန်လာတော့ည 1နာရီရှိနေပြီ ကိုကိုလည်းအိပ်နေပြီနေမှာ အိပ်နေတဲ့ကိုကို့မျက်နှာလေးမြင်ချင်သေးတယ်။
အခန်းတွေထဲလည်း ကိုကိုမရှိဘူး ရေချိုးခန်းထဲလဲ မရှိဘူး တစ်အိမ်လုံးလဲနှံ့နေပြီကိုကို့ကိုမတွေ့ရဘူးဟာသွားပြီ ကိုကို ကိုကိုကျနော့်ကိုထားပြီးထပ်ထွက်သွားပြန်ပြီ ကိုကိုရက်စက်လိုက်တာ။
ဒီနေ့ကစပြီးကျနော့ဘဝပျက်ပြီခင်ဗျားမရှိပဲဒီကောင်ပျော်မယ်ထင်လို့လား ကျနော်က ကိုကို့ကိုပဲလိုအပ်ခဲ့တာပါ ကိုကိုခင်ဗျား ကကျနော့်အချစ်တွေနဲ့မတန်လိုက်တာ စောင့်ကြည့်နေပါ ကျနော့်အချစ်ကိုစော်ကားရင်ဘယ်လိုအဆုံးသတ်မယ်ဆိုတာ။
3DAYS LATER
ကိုကိုခင်ဗျားထွက်သွားတာသုံးရက်ရှိပြီ ကျနော့်ကိုပြစ်ထားတာသုံးရက်ရှိပြီ ကျနော့်ကိုပြစ်ထားတဲ့ခင်ဗျား ကိုအပြစ်ပေးရအုန်းမှာလေ ပြန်လာခဲ့ပါတော့ ။[လွမ်းနေတဲ့စိတ်ကိုတော့မသိကျေးကျွန်ပြုရင်းပေါ့]5DAYS LATER
အိမ်ထဲကို Wu yifan နဲ့အတူဝင်လာတဲ့ yixing အမလေးဗျာသူကကျနော့်ယောကျာ်းရဲ့ခါးလေးကိုဖက်ထားသေးတာဗျ wu yifan ဆိုတာလဲ yixing ပုခုံးလေးကိုပြန်ဖက်လို့ ဘယ်လောက်တောင်ကြည်နူးနေလို့ကျနော်တစ်ယောက်လုံးငုတ်တုတ်ထိုင်နေတာကိုမမြင်ရတာလဲ wu yifan ခင်ဗျားအရမ်းလွန်လာပြီမထင်ဘူးလား။
YOU ARE READING
Blind
Fanfictionမျက်စိမမြင်တဲ့ကောင်လေးနဲ့ လူကြီးတွေအတင်းစီစဉ်လို့ လက်ထပ်ရတဲ့ အတွဲဟာ အဆင်ပြေနိုင်ပါ့မလား