unicode.24

240 14 0
                                    

"yi xing သွားမင်းပြန်တော့ "

"ဘာကိစ္စပြန်ရမှာလဲ hyung ကိုတစ်ယောက်တည်းမင်းစီမှာထားခဲ့ရအောင်ငါကအရူးလား"

"အခုထိ သူကငါ့ရဲ့အပိုင် ငါ့ရဲ့ တရားဝင်ယောကျာ်းဖြစ်နေတုန်းပဲ နော် မင်းလစ်လိုက်တော့ "

" Chen   Chen  ရေyixing ကိုအပြင်ခေါ်သွားလိုက်တော့ငါနဲ့ wu yifan နဲ့စကားပြောစရာရှိတယ် ဟိုကောင်မ နင်ပါလိုက်သွား နင့်ကြောင့်wu yifan ငါ့အပေါ်ထပ်ပြီးအထင်လွဲရင်နင်အသေပဲ"ကျနော်မြင်ပါတယ်ကြမ်းပြင်ပေါ်မှာ အတုန်တုန်အယင်ယင်ဖြစ်နေတဲ့ wu yifan ခင်ဗျားရာ ကြမ်းပြင်ကအေးကအေးနဲ့ ။

ကြမ်းပြင်ပေါ်မှာအအေးပါတ်နေမှာဆိုးတာနဲ့ ကောက်ပွေ့ပလိုက်တယ် ကျနော့် ပုခုံးပေါ်ရောက်လာတဲ့လက်သွယ်သွယ်လေး ခင်ဗျားကိုလွမ်းလိုက်ရတာ။

ဖြတ်ကနဲ ဆို ကောက်ပွေ့လိုက်တဲ့ chanyeol ကြောင့် လူကအယောင်ယောင်အမှားမှားနဲ့ သူ့လည်ပင်းကိုသွား ဖက်မိတာ ရှက်လိုက်တာ။

"အဟက် "ရင်ခွင်ထဲ ဝင်ပုန်းတာတဲ့ ဒီလူကြီးကိုချစ်ရလွန်းလို့ ကျနော် သေသွားနိုင်တယ် ။

"တောက် park chan ---"

"အာ yixing ရာအော်မနေပါနဲ့ chanyeol က yifan ကိုတကယ်ချစ်တာပါ ဟဲ့ ဟေးမိနင်ကကောဘာကြောင်ကြည့်နေတာလဲအိုးစားကွဲချင်လို့လား"

"chen မင်းသိပ်အာပြဲတာပဲ နှစ်ယောက်လုံးကိုခေါ်ပြီးမြန်မြန်ထွက်တော့ ငါဆက်သည်းခံမှာမဟုတ်ဘူးနော် "

"အေးပါမင်းကလဲ စိတ်ကြည့်ပဲ"

ဟေးမိရော Yixing ရော ကိုဆွဲခေါ်သွားတဲ့ chan ဘာတဲ့ကျနော်ကြားလိုက်ပါသေးတယ် ။

"လာပါ သူ့ယောကျာ်းသူမှဲ့တစ်ပေါက်တောင်စွန်းမှာမဟုတ်ဘူးစိတ်ပူမနေကျနဲ့" တဲ့  ။

အခန်းထဲကလူတွေအကုန်လုံးထွက်သွားပေမယ့် ရင်ခွင်ထဲကကိုကိုကတအင့်အင့်နဲ့ရှိုက်နေတုန်းငိုလို့ကောင်းနေတုန်း ခေါင်းကိုမဖော်လာသေးဘူး။

"ဘယ်ချိန်ထိပုန်းနေမှာလဲ "

"အာ Chan အောက် အောက်ကိုချပေးတော့လေ"

"ငယ်  အဲ့လိုပြန်ပြင်ခေါ်ရင် ချပေးမယ်"

"အင့်  ငယ်   အောက်ကိုချပေး"

BlindWhere stories live. Discover now