Part 16

2.9K 272 9
                                    

Part 16

" ဘာယောက်ကျား ဟုတ်လား
ဘယ်လိုယောက်ကျားလဲ "

အားတစ်နားမလည်စွာမေးလိုက်သည်

" ကိုကိုကသားယောက်ကျား
ကိုကိုနဲ့သားက လက်ထပ်ထားတာ "

" ဘာ!..အဲ့ဒါဆို ဘာကြောင့်ကိုကိုလို့ လိမ်တာလဲ "

" ကိုကိုက သားကြောင့်လှေကားပေါ်က
ပြုတ်ကျတာလေ အဲ့ဒါကြောင့် လိမ်တာ "

" မဖြစ်နိုင်ဘူး အဲ့ဒါတစ်ခုတည်းကြောင့် လိမ်တာမဟုတ်လောက်ဘူး မင်းနဲ့ငါနဲ့ မတော်တဆ ဖြစ်သွားတာပဲ ငါ့နားလည်ပါတယ် ဘာလို့လိမ်ရတာလဲ "

" အခုပဲ ကိုကိုကသားကို စကားပြောတာ ကြောက်ဖို့ ကောင်းပြီး အရင်တုန်းကလည်း ကိုကိုက အဲ့လို အရမ်းကြောက်ဖို့ ကောင်းတယ်
သားက ကိုကို့ကိုအရမ်းချစ်တာ ကိုကိုမသိဘူးလေ "

" ငါကကော မင်းကိုမချစ်ဘူးလား
မင်းကဒီလောက်ချစ်ဖို့ ကောင်းတာကိုး
ငါကမချစ်ခဲ့ဘူးပေါ့ အခုပါပါးနဲ့ သွားတွေ့ ရမယ် "

   ညီကျွန်တော့်လက်ကို ကိုင်လိုက်ပြီး

" မသွားပါနဲ့ ကိုကို ပါပါးကလည်း
ကိုကို့ကို ချစ်ပါတယ် "

" ငါဘယ်သူလဲ ငါမိသားစုဘယ်သူလဲသွားမေးရမယ် "

အားတစ်အခန်းထဲက မြန်မြန်ထွက်လာပြီး
ပါပါးအခန်းဆီလာကာ တံခါးကိုခေါက်လိုက်သည်။

" ဝင်ခဲ့ပါ "

အခန်းထဲကိုဝင်လာတဲ့ သားအားတစ်နဲ့ နောက်ကနေ ငိုပြီးလိုက်လာတဲ့ သားလေးကြောင့်
ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး
လန့်သွားသည်။

" သားလေးနေမကောင်းပဲနဲ့ ဘာလို့မနားတာလဲ "

" ကျွန်တော့်က ပါပါးသားမဟုတ်ဘူး "

" ကိုကို..အဟင့်..ဟင့်..ကိုကိုစိတ်မဆိုးပါနဲ့
သားကြောက်လို့ပါ "

မယ်နမ်သားငယ်လေး လက်ကိုကိုင်ထားလိုက်သည်။

" ဘာဖြစ်တာလဲ သားလေး "

" ကျွန်တော့်က ညီနဲ့လက်ထပ်ထားတဲ့ ယောက်ကျားဆို ဘာလို့ညီအစ်ကိုလို့လိမ်တာလဲ ပါပါး ယဘာကြောင့်လိမ်တာလဲ ဘာကြောင့်လဲ ကျွန်တော့်ဘယ်သူလဲ ကျွန်တော့်မိဘက ဘယ်သူလဲ!! "

စိတ်လှုပ်ရှားပြီး အော်မေးနေတဲ့
သားလေးအားတစ်ကြောင့်

" စိတ်လျော့ပါသားလေး "

" ကျွန်တော်သိချင်တာကိုးသာဖြေပါ
ဘာလို့လိမ်တာလဲ..ဘာလို့လဲ "

" ပါပါးလိမ်ချင်လို့ လိမ်တာမဟုတ်ပါဘူး
သားက ပါပါးအရမ်းချစ်ပြီးသဘောကျတဲ့ သားမက်ပါ ဒါပေမဲ့ သားကငယ်သေးတဲ့ အချိန်မှာ ပါပါးရဲ့သားကို လက်ထပ်ရတာ သားမကြိုက်ဘူးလေ
သားသိတဲ့အတိုင်း ပါပါးရဲ့သားက
ဉာဏ်မမှီသေးပဲ နေမကောင်းတဲ့သူလေ "

" အဲ့ဒါဆို ကျွန်တော့်က ညီကိုနှိမ်ခဲ့တာပေါ့ ကျွန်တော့် စီတ်ထားက အဲ့လိုဖြစ်ခဲ့တာလား...အရင်တုန်းက ကျွန်တော့်က အရမ်းဆိုး...အား!! "

" သားလေး! "

  အားတစ်စဉ်းစားရင် ခေါင်းအရမ်းကိုက်လာသည်။

" အား!!! "

ထပ်မံသတိမေ့သွားတဲ့ သားလေးကို
လှမ်းပွေ့ဖက်ထားလိုက်သည်။

" သားလေး!! "

" ကိုကို!! "

©♥®
🏡

" အဟင့်..ဟင့်...ကိုကိုနိုးပါတော့ "

" သားလေးမငိုပါနဲ့ သားကိုကိုက နိုးလာမှာပါ
အစောနလေးတင် ဘဘဆရာဝန်လာကုသွားတယ် မဟုတ်လား "

" အဟင့်...ဟင့် ကိုကိုကကြောက်ဖို့ကောင်းလာပြီ သားသားကိုမချစ်တော့ရင် ဘယ်လိုလုပ်မလဲ "

"သားလေးရယ် "

   သားလေးသူ့ ကိုကို ဘေးနားမှာ ဝင်လှဲပြီး
သန်းနေသည်။

" ပါပါးပုံပြောပြမယ် သားလေးနားထောင်ပြီး
အိပ်နော် "

" ဖားပုံပြင်စာအုပ်ဖတ်ပြ
ကိုကိုအမြဲတမ်းပြောပြတဲ့ပုံပြင် "

" အမေကြီး အဲ့ပုံပြင်စာအုပ်ရှာပေးအုန်း "

မယ်နမ် စာအုပ်စင်ပေါ်က ရှာယူပြီး ပေးလိုက်သည်။

" အမေကြီးသွားအိပ်တော့ ကိုယ့်သားတွေကို
စိတ်မချလို့  ဒီညဒီအခန်းထဲမှာပဲ အိပ်တော့မယ် "

" အင်းပါ အဖေကြီး "

   သားလေးကိုပုံပြင်စာအုပ်ဖတ်ပြလိုက်သည်။ သားလေးအိပ်ပျော်သွားမှ သားလေးနဖူးကိုနမ်းလိုက်ပြီး ဆိုဖာပေါ်မှာ သွားလှဲလိုက်သည်။

သခင်ရဲ့ကိုကိုWhere stories live. Discover now