Part 68

2.2K 247 20
                                    

Part 68

" ဒေါက်တာ ကိုကိုအခြေအနေဘယ်လိုနေလဲ "

"  Skyနဲ့ ပတ်သတ်ပြီး ဘာတစ်ခုမှ သူမမှတ်မိတော့ဘူး သခင်လေးနဲ့အရင်အတိတ်မေ့တုန်း
နေတဲ့အချိန်တွေကို သူအကုန်မှတ်မိတယ် "

ဒေါက်တာက သက်ပြင်းချကာဆိုသည်။

" သားလေးကို ကိုယ့်ဝန်ရှီတာကအစ
မမှတ်မိတော့ဘူးလား "

" ဟုတ်ကဲ့သခင်လေး မမှတ်မိတော့ပါဘူး
Skyကို မမှတ်တာကလွဲရင် အခြေအနေတော်တော် တိုးတက်လာပါတယ်  "

  ဒေါက်တာစကားကြောင့် ကောင်း
အလိုမကျဖြစ်သွားသည်။

" သားလေးကို မမှတ်မိတာကလွဲရင်တဲ့လား
ဒါ..သားလေးနဲ့ ကိုကိုအတွက် အခြေအနေဆိုးပဲ
သားလေးက အခုမှ မိဘစုံစုံလင်လင်နဲ့
ပျော်နေတုန်းပဲ ရှီသေးတယ် "

"တောင်းပန်ပါတယ် သခင်လေး အရင်တုန်းကအကြောင်းတွေတော့  သခင်လေးအားတစ်က အကုန်မှတ်မိတယ် အနီးစပ်ဆုံး အကြောင်းအရာတွေကို
သူတစ်ခုမှ မမှတ်မိတော့ဘူး "

   ကောင်းစိတ်ပျက်စွာ ဒေါက်တာအခန်းထဲက ထွက်လာလိုက်သည်။  ကိုကိုက ကားထဲမှာ နှုတ်ခမ်းဆူစွာ ကျွန်တော့်ကို စောင့်နေသည်။ 

" ကိုကို စောင့်နေရတာ ကြာသွားပြီလား "

" ညီ ကိုယ်နေကောင်းရဲသားနဲ့ ဘာလို့ ဆရာဝန်နဲ့
တွေ့ခိုင်းရတာလည်း အဲ့ဆရာဝန်ကလည်း ဘာတွေမေးနေမှန်းမသိဘူး ညီကိုစပြီး လက်ထပ်ကတည်းကအကြောင်းကအစ မေးနေတယ် လူကို အရူးမှတ်လို့
မမှတ်မိဘူးများ ထင်နေလား မသိဘူး "

ကိုကိုပြောနေတဲ့ပုံစံက တကယ့်ကလေးလေးအတိုင်းပဲ ကောင်းကိုကို့ကိုရယ်ပြလိုက်ပြီး

" စိတ်မဆိုးပါနဲ့ ကိုကို့ကို ကျွန်တော်စိတ်ပူလို့ပါ  "

" အဲ့ဒါဆို ညီမေးခိုင်းတာပေါ့ "

" မဟုတ်ရပါဘူး ကိုကိုရဲ့ "

" ထားပါ အခုဗိုက်ဆာပြီ ညီညီ "

" ဟုတ်ကဲ့ အကောင်းဆုံး
စားသောက်ဆိုင်ကို
မောင်းပေးမယ် "

    ကိုကိုနဲ့ နေ့လယ်စာစားပြီး သားလေးကို မူကြိုတစ်ခါတည်း ဝင်ကြိုလိုက်သည်။ သားလေးက
ကားနောက်ခန်းမှာတက်ထိုင်သည် ကျွန်တော့်သားလေးကို သေချာခါးပတ် ပတ်ပေးလိုက်သည်။

သခင်ရဲ့ကိုကိုWhere stories live. Discover now