Part 43

2.5K 278 30
                                    

Part 43

" ဖေဖေ "

" သားလေး သတိရလာပြီ "

ဖေဖေကျွန်တော့်နဖူးပေါ်က ရေနွေးဝတ်ကို ဖယ်ပေးပြီး

" သတိမေ့နေတာ အကြာကြီးပဲ
ဖေဖေတို့စိုးရိမ်နေတာ
သားရဲ့ သူဌေးဆိုပိုဆိုးတယ် ဆရာဝန်ကို
ခဏခဏခေါ်ပြီး အခြေအနေ မေးနေတာ "

  အားတစ်သူဘေးနားကို ကြည့်လိုက်တော့
Sky လှဲအိပ်နေသည်။

" Sky မူကြိုမသွားဘူးလား "

" ဘယ်သွားမလဲ ကလေးက
သားကိုအရမ်းစိတ်ပူနေတာ
အစားတောင် ကောင်းကောင်းမစားဘူး "

" Skyက!...Skyက..အားးး  "

" သားလေး!..ဘာကိုစဉ်းစားနေတာလဲ
မစဉ်းစားနဲ့တော့ "

"Oon နိုးနေပြီပဲ... "

မေမေဝင်လာပြီး ကျွန်တော့်နဖူးကိုစမ်းသည်။

" အစ်ကို သားအတွက် ဆန်ပြုတ်ပြုတ်ထားတာ
သွားနွှေးလိုက်ပါအုန်း  "

" အင်း  "

မေမေကဖေဖေကို ခိုင်းလိုက်ပြီး ကျွန်တော့်ကို
ထထိုင်စေရန် ထူပေးသည်။ ဘေးနားက လှုပ်ရှားမှုကြောင့် Skyနိုးလာသည်။

" သားငယ်လေး နိုးလာပြီ "

Sky ထထိုင်လိုက်ပြီး  အိပ်ချင်မူးတူးနဲ့
ကျွန်တော့်ကို ကြည့်ပြီး သူမျက်စီကိုပြန်ပွတ်နေသည်။ 

" Oon! ...အဟင့်...ဟင့်  "

ကျွန်တော်ကိုလာဖက်ပြီး ငိုနေတဲ့ Skyလေး

" မနေ့ က သားငယ်လေး
အရမ်းလန့် သွားတာ "

ကျွန်တော့် Skyကို ကျောကိုပုတ်ပေးပြီး
ချော့လိုက်သည်။

"Oon နေမကောင်းဖြစ်နဲ့ "

" ကိုကိုနေကောင်းနေပါပြီ
ကလေးလေးမငိုနဲ့တော့နော် "

Sky ကျွန်တော့်ကိုဖက်ထားရာကနေ ခွာပြီး
ကျွန်တော့်ကိုကြည့်ကာ

" Skyက Oonရဲ့ကလေးလေးလားဟင် "

ကလေးလေး.. ကျွန်တော့်ရဲ့ ကလေးလေးလားတဲ့
ကျွန်တော်စဉ်းစားနေတုန်း ဖေဖေပြန်ဝင်လာသည်

" သားလေးတို့ ဆန်ပြုတ်ရပြီ  "

ဖေဖေခေါက်စားပွဲခုံအသေးကိုဖြန့်ကာ
ကုတင်ပေါ်မှာ တင်လိုက်သည်။
မေမေနဲ့ဖေဖေက ဆန်ပြုတ်တစ်ပန်းကန်စီယူကာ
မေမေက ကျွန်တော့်ကို ခွံပြီး ဖေဖေက Skyကိုခွံကျွေးနေသည်။

သခင်ရဲ့ကိုကိုWhere stories live. Discover now