Part 57

2.2K 255 11
                                    

Part 57

   စံအိမ်တော်ကြီးကိုကြည့်ပြီး Sky ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" ကိုကို ဒါပုံပြင်ထဲက နန်းတော်ကြီးလား "

" ဒါက ဒယ်ဒီရဲ့မိဘအိမ် "

   သားလေးကိုပြန်ပြောနေတုန်း
ပါပါးနဲ့မာမား  အပေါ်ထပ်က ဆင်းလာသည်။

"ဒီကလေးလား "

"ဟုတ်ကဲ့ "

    ပါပါးကလေးလေးကို ပွေ့ချီလိုက်သလို
မားကလည်း Sky ပါးကိုနမ်းလေသည်။
ပါပါးနဲ့မာမား စိတ်လှုပ်ရှားနေသလို
အရမ်းလည်းပျော်နေပုံရသည်။

" ကိုကို.."

   ရုတ်တရက် အပွေ့ချီခံရအနမ်းခံရတော့
သားလေးအံသြသွားပေမဲ့ တခြားကလေးတွေလို
မငိုပဲ ကျွန်တော့်ကို လက်လှမ်းပြီး သူကိုပြန်ပွေ့ချီဖို့ ပြောနေသည်။

" ဖိုးဖိုးတို့က သားကိုချစ်လို့ ပွေ့တာ "

"ဖိုးဖိုး?"

   Sky ပါပါးကိုသေချာကြည့်ပြီး

" ဖိုးဖိုးမဟုတ်ပါဘူး ဆံပင်လည်းမဖြူဘူး
သားကြည့်ဖူးတဲ့ ဖိုးဖိုးဖြူက ဆံပင်တွေ တစ်ခေါင်းလုံး ဖြူဖွေးနေတာ "

သားလေးစကားကြောင့် ပါးနဲ့မား အရမ်းရယ်ပြီး

" မြေးလေးကလည်လိုက်တာ ချစ်စရာလေး "

" ဟုတ်တယ် ပါပါး "

" မားတို့အခုလေးတင်ပဲ အပေါ်ထပ်မှာ
မြေးလေးနေဖို့ အခန်းကိုပြင်ဆင်နေတာ ပြီးသွားပြီ "

" ဟုတ်တယ်မောင်လေးရဲ့ ရှယ်ပြင်ဆင်ထားတာ "

   မလတ်ကထမင်းစားခန်းထဲ ထွက်လာပြီး ပြောနေသည်။ မလတ်တို့က အခုထိကလေးမရသေးတော့ သားလေးကိုလာနေစေချင်နေသည်။ သားလေးလာမယ် ပြောတော့ အိမ်ကလူတွေ အပြင်အလုပ်တွေ  ရပ်ပြီး အိမ်မှာရှီနေကျခြင်းဖြစ်သည်။

" မြေးလေး အိမ်ပေါ်တက်ကြည့်ချင်လား "

သားလေးကချက်ခြင်းပင်ခေါင်းညိတ်သည်။
သားလေးကြည့်ရတာ ရှည်လွန်းတဲ့ လှေကားကို
စိတ်ဝင်စားနေပုံရသည်။

" သားနန်းတော်အပေါ်ထပ် တက်ချင်တယ် "

  သားလေးစကားကြောင့် ပါပါးတို့ သားလေးကို အပေါ်ထပ်ခေါ်သွားသည်။ ကျွန်တော့်ပါ အပေါ်ထပ်တက်ရင်း ဒီနေ့မှလှေကားတွေ တစ်ထပ်ချင်းတက်ရင်း ခံစားမိသည်။  မြင့်လွန်းတဲ့ လှေကားပေါ်က ပြုတ်ကျခဲ့တဲ့ ကိုကို့အဖြစ်ကို ပြန်တွေးနေမိသည်။

သခင်ရဲ့ကိုကိုWhere stories live. Discover now