Part 55

2.6K 306 22
                                    

Part 55

   အိမ်ရောက်တော့ သားလေးကြက်ကြော်ဗူးပိုက်ကာ ကိုကိုအခန်းထဲ ပြေးဝင်သွားသည်။

" သားငယ်!! "

   ဒေါ်လေး သားလေးကို လိုက်ခေါ်နေသည်။
ကျွန်တော့်လည်း နောက်ကအမြန်လိုက်လိုက်သည်။

"သားငယ်လေး Oonကိုမနှိုးနဲ့ "

" ဘာဖြစ်လို့လဲမေကြီး
သားကကြက်ကြော်ကျွေးမလို့  "

    သားလေးက သူ့ကိုကို့ကိုမနှိုးရလို့ ကုတင်ပေါ်မှာ
တက်ထိုင်နေပြီး နှုတ်ခမ်းဆူနေသည်။

" ကိုကိုအိပ်နေတာကြာပြီလား "

" ကြာပြီ မနက်တုန်းက
ကုမ္ပဏီက ပြန်လာကတည်းကပဲ "

" အဲ့တာဆို အရမ်းကြာနေပြီပဲ
နေ့ခင်းကအိပ်တယ်မှတ်နေတာ  "

" Oonက သူအိပ်တာကြာလည် မနှိုးနဲ့ပြောလို့ပါ "

" ဘာလို့အဲ့လိုပြောတာလဲ "

" ဒေါ်လေးလည်းမသိဘူး
သူဌေးကို အားနာလို့
အလုပ်ထွက်ခဲ့တယ်လို့ပဲပြောတယ် "

Singto Newပြောတဲ့ စကားကိုပြန်ကြားယောင်မိသည်

( အစ်ကိုမျက်ဝန်းထဲမှာ ငါ့ကိုချစ်နေတဲ့
အချစ်ရှီတယ် )

" ဒေါ်လေး...ဦးလေးက ဘယ်တော့ပြန်လာမှာလဲ"

" မနက်ဖြန် သဘက်ခါလောက်ပြန်လာမယ်
သားတွေရဲ့ဖေဖေပြန်လာတာနဲ့ နယ်ပဲပြန်တော့မယ် သက်သက်မဲ့ တာဝန်ကျရာ ဘန်ကောက်ကို အလုပ်လာလုပ်တာ သားလေးပင်ပန်းသွားတာပဲရှီတယ်
ဒီအိမ်ကလည်း ဟိုတယ်ကအိမ်ဆိုတော့ ပြန်အပ်ရမယ် "

" ပြန်အပ်ရမှာပေါ့ အလုပ်ထွက်လာပြီပဲ
ဦးလေးမလာခင် ဒေါ်လေးတစ်ယောက်ပဲ
နယ်ပြန်လို့မဖြစ်ဘူးလား "

" သခင်လေးက ဘာစီစဉ်ထားလို့လဲ"

" ကျွန်တော် ကိုကိုနဲ့သားကိုခေါ်ပြီး
အရင်အိမ်မှာ ပြန်နေချင်လို့ပါ "

" ဘယ်အိမ်လဲ စံအိမ်တော်လား မဖြစ်ဘူး
သားလေးအခြေအနေပိုဆိုးသွားမယ် "

" စံအိမ်ကိုမဟုတ်ပါဘူး ကိုကိုအတိတ်မေ့တုန်းက
နေခဲ့တဲ့အိမ်ကိုပါ  အဲ့အိမ်က ကိုကိုအတွက်
အရမ်းကောင်းတဲ့နေရာပါ "

သခင်ရဲ့ကိုကိုWhere stories live. Discover now