Part 61

2.2K 279 30
                                    

Part 61

   ကောင်းပြန်လာတော့ သားလေးနဲ့ ကိုကို  ဧည့်ခန်းမှာ ပုံဆွဲနေကျသည်။ ကျွန်တော့်ပြန်လာတာကိုတောင် ဂရုမစိုက်ကျဘူး

" သားလေး မုန့်ပါတယ် "

" ဟုတ်ကဲ့ ကိုကို "

" ဟင် "

    " ဟုတ်ကဲ့ကိုကို " ဆိုပြီး အောက်ပြန်ငုံပြီး ပုံဆွဲသွားတဲ့ ကလေးလေး ဘာလဲဟ သားလေးက ကိုကိုနဲ့ တူလို့လားမသိဘူး လူကိုမရိုးမရွနဲ့ ခံရခက်အောင် အရမ်းလုပ်တာပဲ မုန့်တွေကို အောက်ထပ်က ထမင်းစားခန်း ယူလာပြီး Jackကို ထည့်ခိုင်းလိုက်သည်။

" ဒီသားဖနှစ်ယောက် သရုပ်ဆောင်တော်တော်
တော်တယ် "

"ဟီးဟီး အဲ့တာတော့ ဟုတ်တယ် သခင်လေး "

   ကျွန်တော့်စကားကို Jackကြားပြီးရယ်ရင်း ပြန်ပြောနေသည်။

" ဘာဖြစ်တာလဲ Jack "

" သခင်မလေးတစ်ယောက်လာသွားတယ် အဲ့ဒီသခင်မလေး နာမည်က Moonဆိုလားပဲ "

"ဘာ??? Newရဲ့ညီမက
ဒီကိုဘာလာလုပ်တာလဲ "

"သခင်မလေးက သခင်လေးအားတစ်ကို
သခင်လေးနဲ့စေ့စပ်မဲ့သူလို့ မိတ်ဆက်နေတာ "

" ဘာ!! "

" အဲ့လိုမိတ်ဆက်တော့ ကျွန်တော့်လန့်သွားတာပဲ ဒါပေမဲ့ သခင်လေးက Skyလေးကို သခင်လေးဆီဖုန်းဆက်ခိုင်းပြီး သူယောက်ကျားကိုလုရင်
တရားစွဲမယ်လို့ပြောလိုက်တော့ သခင်မလေး
ပြေးတာ တန်းနေတာပဲ "

" ဘာ!..ဟားဟား "

   Jackပြောစကားကြောင့် ကောင်းရယ်ပြီးပျော်သွားမိသည်။ သူကတော့ ဒီနေ့ ကုမ္ပဏီမှာ ကိုကိုထွက်သွားမှာကို သေမလောက်ကြောက်နေပြီး စိုးရိမ်စိတ်တွေပြည့်နေခဲ့တာ ကိုကိုကတော့ ကျွန်တော့်က
သူ့ယောက်ကျားဆိုတဲ့ အသိတော့ ရှီနေသေးတာပဲ
ချစ်ဖို့ကောင်းလိုက်တာ

" ကြက်ကြော်စားရအောင် "

  အပေါ်ထပ် ဧည့်ခန်းမှာရှီတဲ့ ကိုကိုနဲ့သားလေးကို ကြက်ကြော်ယူလာပေးပြီး စားပွဲပေါ်ချပေးလိုက်သည် Jackက သားလေးရှေ့  ပီဇာနဲ့ ရေခဲမုန့်ချပေးလိုက်သည်။  ချပေးတာကို ကိုကိုနဲ့ သားလေးစားနေသည်။ Moonပြဿနာ လာရှာသွားတာကို ကိုကိုက ကျွန်တော့်ကို တစ်ခွန်းမှ မပြောပေ။

" သား ဗိုက်ဝပြီ  "

" Jack သားလေးကို ရေချိုးပေးလိုက်အုန်း "

"ဟုတ်ကဲ့ သခင်လေး "

   Jack နဲ့ သားလေးထွက်သွားတော့ ကိုကိုနဲ့
ကျွန်တော့်နှစ်ယောက်တည်း ဧည့်ခန်းထဲမှာ
ကျန်ခဲ့သည်။ ကျွန်တော့် ကိုကို့ကို ပြုံးပြီးကြည့်နေလိုက်သည်။

" ကြက်ကြော်က စားကောင်းတယ် "

"များများစား ကိုကို "

   သခင်လေး ထိုင်ခုံမှာ စထိုင်ကတည်းကနေ
အခုထိ ကျွန်တော်ကိုပြုံးပြီး ကြည့်နေတော့
အားတစ်နေရခက်လာသည်။

" ပူလိုက်တာ ရေချိုးမှဖြစ်မယ် "

  အားတစ်အနေရခက်ပြီး နေရာမှထပြီး အိပ်ခန်းထဲ ဝင်လာတော့ သခင်လေး နောက်ကနေ လိုက်လာပြီး အခန်းတံခါးကို သော့ခတ်လိုက်သည်။

"သခင်လေး! "

" သခင်လေးလို့ ခေါ်တာမကြိုက်ဘူး  "

သူဆီကို လျှောက်လာရင်း
တည်တည်ကြည်ကြည်နဲ့ ပြောလိုက်တဲ့ သခင်လေး

" သခင်လေး ဒီနေ့ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ပါဘူး ကိုကို "

"အဲ့တာဆို ဘာလိုလို့လဲ "

   ကောင်းခေါင်းရမ်းလိုက်သည်။

" အဲ့ဒါဆို ကျွန်တော်ရေချိုးမလို့
အပြင်ထွက်ပေးပါ့လား "

" ချိုးလေ "

"ဟင်? "

   သူကို့ စူးရှတဲ့အကြည့်နဲ့ ကြည့်နေတဲ့ သခင်လေး ဧကန္တ သခင်လေး ဆေးခတ်ခံနေရတာလား

"သခင်လေး ဒီနေ့ သူများကျွေးတဲ့ အအေးတွေ
အစာစားတွေ စားလာသေးလား "

  ကောင်းခေါင်းညိတ်လိုက်တာနဲ့
ကိုကိုကုတင်ပေါ်တက်ပြီး စောင်ဆွဲခြုံကာ

" သခင်လေး အဲ့တာဆို အပြင်ကိုသွားပြီး အာသာဖြေပါ ကျွန်တော့်အပြစ်မယူပါဘူး ကျွန်တော့်ကိုတော့ လွှတ်ပေးပါ "

" ဟင်???? "

ကိုကိုဘာတွေပြောနေတာလဲ....

💓ဆက်ရန်

သခင်ရဲ့ကိုကိုWaar verhalen tot leven komen. Ontdek het nu