Part 46

2.2K 239 27
                                    

Part 46

မနက်စာစားရင် ပါးပါးနဲ့မားမားကို
ကိုကိုအကြောင်း အကြောင်းစုံပြောလိုက်သည်။

" မြေးလေး နာမည်က Sky တဲ့လား "

ပါပါးအမေးကြောင့် မားပါမျက်ရည်ဝဲလာပြီး

"  အဖေကြီး ကျွန်မတို့ မြေးလေးကို တွေ့ချင်တယ် "

" အခုချက်ခြင်း သွားခေါ်ရမယ် "

" ပါပါး မဖြစ်ဘူး "

" ဘာဖြစ်လို့လဲ သားပြောပုံအရဆို
အားတစ်က မြေးကိုမသိသလို ဂရုလည်းစိုက်မှာ မဟုတ်ဘူး မြေးလေးကိုခေါ်ထားရအောင်  "

" ပါးပါးSkyကိုခေါ်ရင်
ကျွန်တော် ကိုကိုနဲ့ ပိုဝေးသွားမှာ "

" အားတစ်နဲ့သားလေးက ဝေးပြီးသားပဲ
အစကတည်းက သားကိုအားတစ်ကမချစ်ဘူးလို့
ပါပါးဘယ်နှခါပြောရမလဲ "

" ကိုကို့ကို ကျွန်တော့်ချစ်တယ်
ကိုကိုလည်း ကျွန်တော့်ကိုလုံးဝမချစ်ဘူးလို့
ကျွန်တော့်မထင်ဘူး "

"သားလေး ခေါင်းမမာချင်စမ်းပါနဲ့
ပါပါးတို့ သားကိုအရမ်းချစ်လို့ အလိုလိုက်ခဲ့တာ
ဒီကောင်လေးအားတစ်နဲ့ ပတ်သတ်လို့ 
သားပျော်ရွှင်ခဲ့တာ သိပ်မရှီဘူး  "

" သားရဲ့ပါပါးပြောတာမှန်တယ် ပြီးတော့ သားသူငယ်ချင်း Newပြောတာလည်းမှန်တယ်
သားလက်လျှော့လိုက်ပါ "

" ကျွန်တော့်ကို လက်လျှော့ဖို့ မပြောပါနဲ့
ကျွန်တော် ကိုကို့ကို လုံးဝလက်မလျှော့နိုင်ဘူး  "

" သားစိတ်ပင်ပန်းလိမ့်မယ် ပါပါးတို့ကတော့ သားအချစ်မြေးအနှစ်တဲ့ မြေးလေးကိုရအောင်
ပြန်ခေါ်ရမှာပဲ "

  ပါပါးတို့က အခုထိအတ္တကြီးတုန်းပဲ
ကိုကိုအပေါ်ဒီလောက်မတရားလုပ်ခဲ့တာတောင်မှ
Skyကိုခေါ်ထားဖို့ သွေးအေးအေးနဲ့
ပြောနေနိုင်သည်။

" အဲ့လိုသားကိုအရမ်းချစ်ခဲ့လို့ပဲ ပါပါးတို့
ကိုကိုအပေါ်အများကြီး မှားခဲ့တယ်
အခုမြေးကြောင့် ထပ်မမှားပါစေနဲ့ ပါပါး "

" သားလေး...မင်းရဲ့ပါပါးကို
ဘယ်လိုပြောလိုက်တာပါ "

" ကျွန်တော့်တောင်းဆိုတာပါ ပါးနဲ့မား Skyနဲ့အတူ
ကိုကို့ကိုပါဒီအိမ်ရအောင်ခေါ်မယ်  အဲ့ချိန်ထိစောင့်ပေးပါ "

သခင်ရဲ့ကိုကိုDonde viven las historias. Descúbrelo ahora