Part 28

2.7K 268 25
                                    

Part 28

   အားတစ်ခရီးဆောင်အိတ်ထဲ အဝတ်အစားတွေထည့်နေတုန်း Sky ဝင်လာသည်။

" ကိုကို ဆေးသောက်ပြီးပြီလား "

" ကိုကိုလို့မခေါ်နဲ့လို့ပြောထားတယ်လေ "

  အားတစ်အော်လိုက်တာကြောင့် Sky လန့်သွားပြီး လက်ထဲကရေခွက်တောင်လွှတ်ကျသွားသည်

" အဟင့်...ဟင့်  "

" မငိုနဲ့...မငိုနဲ့...ငိုချင်ရင်အပြင်ထွက်ငို
နားငြီးတယ် "

   Sky မျက်ရည်သုတ်လိုက်ပြီး အောက်ပြုတ်ကျသွားတဲ့ ခွက်ကိုပြန်ကောက်လိုက်သည်။

" အဟင့်..မငိုတော့ပါဘူး..ဟင့်
သားသားငိုဘူး...Oon! "

ငိုရှိုက်ရင်းပြန်ဖြေတဲ့ ကောင်လေး

" အခန်းထဲက ထွက်တော့  "

" Oon ဘယ်သွားမလို့လဲ   "

" ဘန်ကောက်  "

" သားလည်းလိုက်မယ်..သားသားလည်းလိုက်မယ် "

" လာပြန်ပြီ သား...သားသား ကျွန်တော်လို့ပြော "

" သားရယ်ဘယ်လိုဖြစ်နေတာလဲ..skyက ကလေးပဲရှီသေးတယ်လေ ကလေးလိုပဲပြောမှာပေါ့  "

" ဖေဖေဝင်လာပြီး Skyကိုပွေ့ကာ
ကျွန်တော့်ကို အပြစ်တင်ပြောဆိုနေသည်

" အဲ့ကောင်လေးကို အခန်းထဲက
ခေါ်ထွက်သွားပါတော့  "

" သားလည်းလိုက်မယ် Oon "

" မလိုက်နဲ့ ငါ့မနက်စောစောထွက်ရမှာ
ကောင်လေး မင်းထနိုင်မှာမဟုတ်ဘူး  "

" ဖေဖေတို့ သွားအိပ်ရအောင်
ဖေကြီးသားငယ်လေးကို ပုံပြင်ပြောပြမယ်  "

Sky Pov:

  ဖေကြီးသားကိုခေါ်ပြီး သိပ်တာကြောင့် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ဖေကြီးနဲ့မေကြီး အိပ်ပျော်သွားတာနဲ့ အသာလေးထပြီး ပြီးတော့ခရီးဆောင်အိတ်အသေးကို ဖွင့်ကာ အဝတ်အစားထည့်နေလိုက်သည်။ sky အိတ်ကိုယူကာ အိမ်ပြင်ထွက်မဲ့ တံခါးမကြီးနားလာပြီး ကိုကို့ကိုစောင့်ရင်း
အိပ်ပျော်သွားသည်။

©♥®

တီ...တီ ..တီ

  အားတစ်နှိုးစက်မြည်သံကြောင့် ထလိုက်ပြီး ရေချိုးအဝတ်အစားဝတ်လိုက်ပြီး အခန်းအပြင်ထွက်တော့

သခင်ရဲ့ကိုကိုWhere stories live. Discover now