Part 30

2.8K 293 26
                                    

Part 30

Arthit Pov;

   သန့်စင်ခန်းက ထွက်ထွက်လာခြင်း ဝင်တိုက်မိတဲ့သူက ကောင်းဖြစ်နေသည်။ မတွေ့တာကြာပြီဖြစ်တာကြောင့်  ကောင်းနှင့်ကျွန်တော့် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေတုန်း Skyက ကျွန်တော့်ကို
လှမ်းခေါ်သည်။ ကောင်းကလည်း Skyကို လှမ်းကြည့်နေသည်။
ကျွန်တော့်ချက်ခြင်းပဲ တစ်ခါမှမပွေ့ဖူးတဲ့Skyကိုပွေ့ချီကာ ပြေးထွက်ခဲ့သည်။

" ကိုကို..ကိုကိုဘာလို့ ပြေးတာလဲ  "

  ကောင်းကျွန်တော့်နောက်ကနေ ပြေးလိုက်မှာသေချာသည်။ ကျွန်တော့်ဓာတ်လှေကားထဲ မြန်မြန်ဝင်လိုက်သည် ကံကောင်းစွာပင်
ကောင်းအထဲထိလိုက်မဝင်ခင်
ဓာတ်လှေကားပိတ်သွားလို့တော်သေးသည်။

" Oon ဘာဖြစ်လို့ လဲ  "

" ဘာမှမဖြစ်ဘူး အိမ်မြန်မြန်ပြန်မှဖြစ်မယ်  "

   Skyမေးတာကိုပြန်ဖြေလိုက်ပြီး
အားတစ်ကားနားမြန်မြန်လာလိုက်သည်။ Sky ကို ကားထိုင်ခုံမှာ ထိုင်ခိုင်းကာ ခါးပတ်ပတ်ပေးလိုက်သည် ပြီးတော့ဒီနေရာကနေ မြန်မြန်မောင်းထွက်လာခဲ့လိုက်သည်

"Shit!..ကံဆိုးလိုက်တာ
ဒီနေ့မှ ဘန်ကောက်ရောက်တယ် ဒီနေ့သူကို
တန်းတွေ့ရတယ် ကမ္ဘာကြီးက
အဲ့လောက်တောင် ကျဉ်းလား  "

  ကားမောင်းရင်းစကားပြောနေတဲ့ Oonကို
skyကြည့်ပြီး တခစ်ခစ်ရယ်နေသည်။

" မင်းကဘာရယ်တာလဲ  "

"Oon သားကိုပွေ့ ပြီးပြေးတာ သားကြိုက်လို့ Oon! လူဆိုးလိုက်လာလို့ သားတို့ပြေးလာရတာလား "

" အင်း...ဟုတ်တယ်  "

" လိုက်လာတဲ့ကိုကိုက ကြည့်ကောင်းပါတယ်
လူဆိုးနဲ့မတူပါဘူး  "

  လိုက်လာတဲ့သူကို Sky သေချာတွေ့လိုက်တာလား

" Sky..မင်းသူကို့ သိလို့လား "

" သိတယ်Oon မနက်ကလေယာဉ်ကွင်းမှာလည်း တွေ့တယ် အခုလည်း သားကို
အဲ့ကိုကိုက  စကားလာပြောတယ်  "

" ဘာ! "

  Oonအော်သံကြောင့်Skyလန့်သွားသည်။

" Oon! "

သခင်ရဲ့ကိုကိုWhere stories live. Discover now