ခု ချက်ချင်း ကုတင်အောက် ဆင်းအိပ်စမ်း Plan
Plan ကို ကိုကိုက စနေတယ်လို့ Plan ထင်လိုက်မိတာပါ
ဒါကြောင့် မို့..Planဘာမှမပြောပဲ
ပြုံးတုံးတုံးလုပ်ကာ အဝတ်အစားတွေကို
သေသေသပ်သပ် ခေါက်သိမ်းနေလိုက်သည်။အမှတ်မထင် ကုတင် ပေါ်က ဆွဲချခံလိုက်ရတော့
Plan ဟန်မဆောင်နိုင်ဘဲ ကြမ်းပြင်ပေါ် ခွေခွေလေး ပြုတ်ကျသွားလေသည်။ကိုကို.....ဘယ်လိုလုပ်လိုက်တာလဲ
မြင်တဲ့အတိုင်းပဲလေ...မင်းလို စာရေးဆရာပေါက်စလေးက ငါလို သူဌေးသားကို မှန်းချင်နေသေးတယ်....ဟဟ...ရီရတယ်
ကိုကို ဘာတွေပြောနေတာပါလိမ့်။ ကိုကိုပြောနေတဲ့စကားတွေက Plan ကို ရိုက်နှက်တာထက် ပို၍ နာကျင်ရသည်။
ကိုကို...ကိုကို...ဘာပြော...
Plan စကားတွေ တစ်လုံးချင်း ထစ်အစွာ ထွက်လာစဉ်မှာ ပင် ဆက်မပြောစေရန် ကိုကိုက လက်ဝါးနဲ့ Plan ပါးစပ်ကို ခပ်ကြမ်းကြမ်း အပိတ်ခံလိုက်ရတော့၏
မင်းကို ငါ လက်ထပ် ခဲ့တာ မင်းကို ချစ်လွန်းလို့ မှတ်နေတာလား မင်းကို ကလဲ့စားချေ ဖို့ကွ မှတ်ထား မြဲမြဲမှတ်ထား ဟား..ဟား..ဟား
ကိုကို ရီသံတွေက ခြောက်ကပ်ကပ်နှင့်
အခန်းထဲ ဟိန်းထွက်လာကာ ကိုကို အမူအရာ ကလည်း
ဘီးလူးတစ်ကောင်လို။Plan မျက်ရည်လည်ရွဲနဲ့သာ မျက်လုံးလေး ပြူး၍ ကြည့်နေမိလိုက်သည်။
ကိုကို...ကိုကို..ဘာကိုဆိုလိုတာလဲ Plan တကယ်နားမလည် ဘူး
မင်းက အောင်နိုင်သူကိုး...ဘယ်နားလည်မလဲ...ငါတို့က ခံစားရတဲ့သူတသက် မေ့နိုင်မှာတဲ့လား
Plan ပါးပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။
မင်း မင်းသမီး Nira ကိုတော့ သိမှာပေါ့...မင်းကြောင့် ကိုမာဖြစ်ပြီး အိပ်ယာထဲ လဲနေတဲ့ မင်းသမီး Nira က ငါ့ညီမကွ...
![](https://img.wattpad.com/cover/194132854-288-k179196.jpg)
YOU ARE READING
အမုန်ခံ၍ချစ်မယ်
Fanfictionငါမင်းကို ချစ်လွန်းလို့ ယူခဲ့တယ် ထင်နေလား ကလဲ့စားချေမလို့ကွ မြဲမြဲမှတ်ထား ကိုကို ကျေနပ်တဲ့ထိ ပေးဆပ်ပါ့မယ်