SUS Part 02

30.4K 2.6K 64
                                    

Zawgyi

[ Host... Mission လုပ်ဆောင်ဖို့က ဒီထပ်ပို အချိန်ဆွဲလို့ မသင့်တော်ဘူးထင်တယ်။ ]

အပြင်က မိုးဖွဲဖွဲလေးရွာနေတဲ့ လောကကြီးကို နောက်ခံထားရင်း ကော်ဖီတစ်ခွက်နဲ့ ဇိမ်ကျနေတဲ့ Xiao Zhan တစ်ယောက် နားထဲတိုးဝင်လာတဲ့ System ရဲ့ ငှက်ဆိုးထိုးသံကြီးကြောင့် လက်ထဲက ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်သို့ ဟန်ပါပါ ပစ်တင်လိုက်ရင်း ဘယ်နေရာမှာမှန်း မသိတဲ့ System ကို မှန်းဆကာ မျက်စောင်းထိုးလိုက်သည်။

" ငါကရော အခု ဘာလုပ်နေတာမို့လဲ။ ခေါင်းဆောင်မင်းသားနေရာကို
ပြန်ရဖို့က ဒီရုပ်ရှင်ရဲ့ ဇာတ်ကြောင်းကို သေချာနားလည်ထားဖို့လိုလို့ ငါလေ့လာနေတယ်လေ။ မင်းမမြင်လို့လား။ "

[ Host ဒါပေမယ့် လေ့လာနေတာက တစ်ပတ်ကျော်နေ.... ]

" တော်စမ်း ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို လေ့လာတယ်ဆိုတာ လွယ်လွယ်နဲ့ ရမလား။ မင်းဘာနားလည်လို့လဲ။ မင်းက သရုပ်ဆောင်လုပ်ဖူးလို့လား "

[ ...... ]
သူ့ဘာသာ ပျင်းလို့ ဘာမှ မလုပ်ဘဲ နေနေပြီးမှ ဆင်ခြေလှလှလေးတွေပေးကာ ရှောင်ထွက်သွားတဲ့ Host လို လူသား အလည်လေးကို ပြန်ချေပစရာစကား System မှာမရှိချေ။

" ဒါနဲ့ ငါလေ့လာသလောက် ဒီ Untamed ကားရဲ့ မူလ ဝတ္ထုက BL ကြီးပဲ။ ဒါကို Bromance အနေနဲ့ ပြန်ပြောင်းရိုက်မှာကြီးက ဘာလို့လဲ။ ငါတော့ မူရင်း ဇာတ်ကြောင်းအတိုင်းရိုက်ရင် ပိုအောင်မြင်နိုင်မယ်ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ။ "

[ ဒါတော့ လုံးဝ မဖြစ်ပါဘူး Host။ ]

[ Host အခုရောက်နေတာက 2019 ခုနှစ်ကို ပြန်ရောက်နေတာပါ။ Host က သက္ကရာဇ်ကို နောက်ပြန်ရောက်နေတဲ့အတွက် အခု X နိုင်ငံမှာ BL ကို တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။ နောက်ပြီး အရေးကြီးဆုံးက Zhan Zhan ရဲ့ မူရင်း ဇာတ်ကြောင်းမှာ BL နဲ့ ပတ်သတ်တာမပါတဲ့အတွက် ကျေးဇူးပြုပြီး Host ယောကျာ်းလေးအချင်းချင်း ပတ်သတ်တာလုံးဝရှောင်ရှားရပါမယ်။ ]

" ဘာရယ် အဲ့လိုစည်းကမ်းချက်လဲ ရှိသေးလား။ ငါလည်း မသိရပါလား။ သူဖြစ်ချင်သလို ကလဲ့စားချေပြီးရင် မပြီးဘူးလား။
ထားပါ.. ငါလဲ မိန်းခလေးတွေပဲ စိတ်ဝင်စားတာပါနော်။ "

SHUT UP !! SYSTEM !! Where stories live. Discover now