Zawgyi
အခုရက်ပိုင်းမှ မိုးက အညိုးညိုးကြီးကြီးနဲ့ ရွာနေ
လိုက်တာ မိုးနတ်မင်းက အရင်ကမရွာခဲ့တဲ့
အကြွေးကို အတိုးရော အရင်းပါ ပေါင်းဆပ်နေပုံရသည်။ Xiao Zhan မိုးအေးအေးနဲ့ အိမ်ထဲအောင်းရင်း ပြသာနာဖြစ်တဲ့နေ့ ပြီးကတည်းကဆို Yibo နဲ့ မတွေ့ဖြစ်တာ အတော်ကြာပြီဖြစ်သည်။Yibo ဆိုလို့ ထိုနေ့က Yibo ဘာကို စိတ်တိုင်း
မကျဖြစ်ပြီး စိတ်တိုသွားမှန်း အခုချိန်ထိသူ
စဉ်းစား၍ မရပေ။ ပြောင်းလဲသွားတယ် ။
အဲ့ဒီစကားကို Yibo ပြောခဲ့၍ သူအကြိမ်ပေါင်းများစွာ ပြန်စဉ်းစားကြည့်သော်လည်း
သူတို့ကြားမှာ ထူးထူးခြားခြား ဘာပတ်သတ်မှုမှ
ရှိမနေ။ ဖြစ်နိုင်တာတစ်ခုက သူပြန်စစ်ကြည့်
သလောက် Zhan Zhan လေးရဲ့
မှတ်ဉာဏ်တွေက သူ့အသက် ၁၀ နှစ်လောက်ထိပဲရှိသည်။ ထို့ကြောင့် သူယူဆမိတာက
Yibo က သူအသက် ၁၀ နှစ်မတိုင်ခင်မှာ
တွေ့ဖူးခဲ့သူဖြစ်နိုင်သည်။ တကယ်လို့ သူထင်တာသာ မှန်ခဲ့မည်ဆိုလျှင် သူတို့က ဘယ်လောက်ထိ ရင်းနှီးခဲ့သော အတိုင်းအတာရှိမှန်း မသိနိုင်
တာကြောင့် System အကြံပေးသလို
ပြသာနာတွေ မပြီးသေးချိန်မှာ Yibo ကို ရှောင်
နေဖို့က အခုချိန်မှာ အကောင်းဆုံးဖြစ်နိုင်သည်။သူ Jing Zi ကို မွှေလိုက်တဲ့ မီးကြောင့်
ပရိသတ်တွေကြားမှာလဲ အတော်လေး
ဂယက်ရိုက်သွားပြီး မီဒီယာများကလည်း
ထင်ရာမြင်ရာတွေကို အမှန်တွေရော
ပေါက်ကရတွေပါ စည်းလွတ်ဝါးလွတ်ကို ရေးနေ
လိုက်ကျတာများ မြင်လို့တောင် မကောင်းပေ။
ဒါကို သူများလက်ငှားပြီး လူသတ်တာဟု
ခေါ်သည်လေ။Jing zi ဘက်က ရပ်တည်ကျသူများရှိသလို
သူ့ဘက်က ရပ်တည်ပေးကျတဲ့ သူများလည်းရှိ
သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဂရုမစိုက်
ပါ။ တနေ့ တနေ့ ကော်ဖီသောက်လိုက် စာဖတ်
လိုက်နဲ့ ဇိမ်ကျနေပြီး Jing Zi ပြသာနာတက်
လေ သူက Point တွေအမြတ်ထွက်လေ
ဖြစ်နေသည်မှာ အခုဆို Points 30 တောင်
စုဆောင်းမိနေပြီဖြစ်သည်။ဒီလိုအတိုင်းသာဆို မကြာခင် Points 100
ပြည့်ပြီး သူလွတ်လပ်နိုင်တော့မှာ မဟုတ်ပါလား။အတွေးလွန်နေတုန်း အိမ်ရှေ့က တံခါးခေါက် သံကြောင့် ထွက်ကြည့်တော့ ထင်မှတ်မထားတဲ့
မိတ်ဆွေဟောင်းကြီးကို တွေ့လိုက်ရ၍
သူပြုံးပြရင်း ကြိုဆိုလိုက်သည်။
![](https://img.wattpad.com/cover/195737774-288-k466440.jpg)
YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...