SUS Part 10

19K 2.4K 92
                                    

Zawgyi

အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျှောက်လုံး မည်သည့် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ နှစ်ဦးကြားမှာ တိတ်ဆိတ်ခြောက်ကပ်နေမှုက အသက်ရှူသံ သဲ့သဲ့လေးကိုတောင် ကြားနိုင်မည်ထင်သည်။ အရင်တည်းက အေးစက်မာကြောသော မျက်နှာထားရှိသော်လည်း အခုအချိန် သူ့နံဘေးမှာရှိနေတဲ့ Yibo ရဲ့ မျက်နှာဟာ ပုံမှန် မြင်နေကျထပ် ပိုမိုတင်းမာနေတဲ့ အနေအထားဖြစ်နေတာကြောင့် Xiao Zhan ဆိတ်ဆိတ်နေဖို့ကိုသာ ရွေးချယ်လိုက်သည်။

အိမ်ထဲရောက်ရောက်ခြင်း Yibo က Xiao Zhan ကို အခန်းသော့ ကမ်းပေးရင်း ပြောလာသည်။

" အခန်းအရင်ပြန်နှင့်လိုက် "

" မင်းကရော ? မိုးမိထားတာကို ရေအရင်ချိုးလိုက်ပါလား "

Xiao Zhan ကြွက်စုတ်လေးလို ရေတွေရွဲနစ်နေဆဲ ဖြစ်သော Yibo ကိုကြည့်ရင်း ပြောလိုက်သည်။

" လုပ်စရာလေးရှိလို့ မင်းအရင်ချိုးလိုက် "

ပြောမရတော့လဲ ဆက်ပြီးအတိုက်အခံပြုနေလို့ ဘာမှထူးမည် မထင်တာကြောင့် Yibo ပြောတာပဲ နာခံဖို့ ရွေးချယ်လိုက်သည်။

Xiao Zhan ပြင်ဆင်ပြီးတော်တော်ကြာတဲ့ထိကို Yibo အခန်းသို့တက်မလာနိုင်သေး။ မိုးအေးအေးနဲ့ အိပ်ယာထဲခွေနေတာမို့ ထရှာရမှာလဲ ပျင်းသေးသည်။

Xiao Zhan ခေါင်းထဲ အတွေးတစ်ခု လက်သွားပြီး ​ပြုံးလိုက်သည်။

" System မင်းရှိလား ? Yibo အခုဘယ်မှာလဲ ? ဘာလို့တက်မလာသေးတာလဲ? "

၂၄ နာရီ ၇ ရက်လုံး တာဝန်ထမ်းဆောင်နေရတဲ့ သနားစရာ System လေးက ချက်ချင်းပြန်ဖြေလာသည်။

[ Host ကျွန်တော်ကို သတိရသေးတာပဲ ]

" အပိုတွေ ..... မေးတာသာ ဖြေစမ်းပါ ! "

Xiao Zhan စိတ်မရှည်စွာအော်လိုက်တော့မှ
System က ပြန်ဖြေလာသည်။

[ Wang yibo က အခုအောက်ထပ်မှာ
သူ့အိမ်တော်ထိန်းနဲ့ စကားပြောနေတာ ]

" အိမ်တော်ထိန်းနဲ့ ? အဲ့လောက်တောင်ကြာလား။ အဝတ်တွေ စိုနေတာကို။ ဒီကောင်လေး ဖျားတော့မှာပဲ။ "

Xiao Zhan ခေါင်းတခါခါ လည်တဆန့်ဆန့်နဲ့ တံခါးပေါက်ကို မျှော်ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်နေမိသည်။

SHUT UP !! SYSTEM !! Where stories live. Discover now