Zawgyi
Xiao Zhan အောက်ထပ်ဆင်းလာသောအခါ အိမ်တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူ တစ်ဦးတစ်ယောက် ကိုမျှ မတွေ့ရသည်မို့ စမ်းတဝါးဝါး လိုက်ရှာရင်း နောက်ဆုံးတော့ မီးဖိုဆောင်ကို ရှာတွေ့လိုက်ရသည်။ ဟင်းချက်ပေးနေကျ အန်တီကြီးကိုဖြစ်ဖြစ် တွေ့လေမလား လိုက်ကြည့်သော်လည်း အရိပ်အယောင်တောင်
မမြင်ရသဖြင့် နောက်ဆုံးတော့ လက်လျော့ကာ ကိုယ်တိုင်ပဲ ချက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ဆန်ပြုတ်လောက်တော့ ပြုတ်ကြည့်တာ ပြသာနာ မရှိနိုင်ဘူး ထင်တာပဲလေ။
ထို့နောက်တွင်တော့ သူ့မှတ်ဉာဏ်တွေထဲ Zhan Zhan လေးရဲ့ ဟင်းချက်နည်းတွေကို ပြန်စဉ်းစားကြည့်သည်။ ဟုတ်တယ်လေ သူကတော့ ဟင်းတစ်ခွက်ချက်ကြည့်ဖို့ Youtube လဲ မလိုဘူး ဟင်းချက်နည်းစာအုပ်တွေလဲ မလိုဘူး အလကားရထားတဲ့ Zhan လေးရဲ့ မှတ်ဉာဏ်ထဲကို ပြန်ရှာလိုက်ယုံနဲ့ Wifi မလိုဘဲ Live တောင်ကြည့်လို့ရသေးသည်လေ။ ဘယ်လောက်တောင် ကောင်းလိုက်လဲ။
ဆန်ပြုတ်အိုး တည်ပြီးတဲ့ထိတော့ ဘာပြသာနာမှ မရှိသေး။ စေတနာ ဗလပွနဲ့ အသားတစ်ခုခုထည့်ပေးဖို့ ရေခဲသေတ္တာတစ်ခုလုံးမွှေနှောက်ပြီး ရှာကြည့်တော့ အဲ့မှာ ပြသာနာကစတာဖြစ်သည်။ Xiao Zhan က အသားကို စားရတာပဲ ကြိုက်တာ အစိမ်းလိုက်မြင်လျှင်တော့ အလွန်ကြောက်သည်။ ထို့ကြောင့်ပင် ဘယ်တုန်းကမှ အသားစိမ်းငါးစိမ်းရောင်းသည့် ဈေးတန်းသို့ ယောင်လို့တောင် မသွားဘူးပေ။
Xiao Zhan တစ်ယောက် ကြက်သားဘူးကြီး ရှေ့ချပြီး ဘာဆက်လုပ်ရမှန်းမသိ။ မထည့်ပြန်ရင်လဲ ဆန်ပြုတ်ကြီးပဲစားလို့ အားရှိမှာမဟုတ်။ ထည့်ရအောင်လဲ သူက ဘူးတောင် မဖွင့်ရဲသေး။
" သခင်လေး ဘယ်လိုလုပ် ဒီရောက်နေတာလဲ ဗိုက်ဆာလို့လား "
Xiao Zhan အသံကြားလို့ မော့ကြည့်လိုက်တော့ အန်တီကြီး ဖြစ်နေသည်မို့ ကယ်တင်ရှင်ကြီးတွေ့လိုက်ရသလိုတောင် ခံစားလိုက်ရသည်။
Xiao Zhan ဝမ်းသာအားရနဲ့ အတင်းပြေးဆွဲပြီး ကြက်သားဘူးနားခေါ်လာရင်း
" အန်တီ ကျွန်တော်ကို ဆန်ပြုတ်ထဲ ဒီကြက်သားလေး ထည့်ဖို့ ကူညီပါဦး" ဟုပြောလိုက်တော့ အန်တီကြီးက ရယ်ပြီး ဝိုင်းလုပ်ပေးရှာသည်။
YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...