SUS Part 06

21.4K 2.5K 52
                                    

Zawgyi

Xiao Zhan တရိပ်ရိပ်သွားနေတဲ့ ကားရဲ့
မှန်ပြတင်းပေါက်ကတဆင့် မြို့ပြရဲ့
မြင်ကွင်းတွေကို ငေးမောနေမိတယ်။
ရိုက်ကွင်းပြီးလို့ အိမ်ပြန်ချိန်တိုင်း
သူသဘောအကျဆုံးက ဒီလိုအပြင်လောကကို ငေးကြည့်နေရတာကိုပင်။
အပြင်မှာ လူတွေကိုယ်စီ လွတ်လပ်စွာလှုပ်ရှား သွားလာနေတဲ့ ပုံရိပ်ကို သူအလွန်နှစ်သက်သည်။ အသက် ၁၂ နှစ်ထဲက အနုပညာလောကထဲ ဝင်ရောက်လာရသည့်သူ့အတွက် လွတ်လပ်မှုဆိုတာ
ဘာမှန်းမသိခဲ့ရပေ။

Xiao Zhan မြင်ကွင်းထဲကို တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာကြည့်ကာ လက်ချင်းယှက်ရင်း လျှောက်လှမ်းနေတဲ့ စုံတွဲကဝင်လာသည့်အခါ သူနှာခေါင်းလေးရှုံပြီး တစ်ဖက်သို့ လှည့်လိုက်မိသည်။

တချိန်ကျရင် သူရော သူ့ကို
အရမ်းချစ်တဲ့သူနဲ့ ဆုံဆည်းနိုင်ပါ့မလား ?
အတုအယောင်တွေ အပေါ်ယံသာယာမှုတွေသာများတဲ့ ဒီလောကကြီးထဲမှာ သူရော သူရိုက်နေတဲ့ ဇာတ်ကားတွေထဲကလို အပြင်မှာ တကယ်မရှိနိုင်တဲ့ လက်တွေ့မဆန်တဲ့ အချစ်တွေနဲ့ ချစ်ပြမယ့် သူတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရှိနိုင်ပါ့မလား ဆိုတာကိုတော့
သူတစ်ကယ်သိချင်မိပါသည်။

------------------------------------------

Xiao Zhan အိပ်ယာထဲ ဟိုလှိမ့် ဒီလှိမ့်လုပ်ရင်း လူးလဲထလိုက်တော့ မြင်နေရတဲ့ မြင်ကွင်းက ပြောင်းလဲနေသည်။

ဒါ ငါ့အိပ်ယာမဟုတ်ပါဘူး ငါဘယ်ရောက်နေတာလဲ။

Xiao Zhan အတွေးနဲ့ အခန်းအပြင်ကို ကတိုက်ကရိုက်ပြေးထွက်လိုက်တော့ ထမင်းစားခန်းထဲက Yibo ကိုတွေ့မှ သူရဲ့ မကောင်းလှတဲ့ မှတ်ဉာဏ်လေးတွေကို အာရုံပြန်ရတော့သည်။ သူမနေ့ညက ခုံပေါ်အိပ်ပျော်သွားတာပဲ။

" မြန်မြန်ရေချိုးပြီး မပြင်ဘူးလား
ဘာရပ်လုပ်နေတာလဲ " အခန်းရှေ့မှာ
အိပ်ချင်မူးတူးရုပ်လေးနဲ့ သူ့ကို လာရပ်ကြည့်နေတဲ့ Zhan Ge ကို Yibo လှမ်းအော်လိုက်သည်။

" ဘာမှမဟုတ်ဘူး။ ငါပြင်ဆင်ပြီး မြန်မြန်ထွက်လာခဲ့မယ်။ မကြာပါဘူး။ " ​လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးသွားပြန်တဲ့ Zhan Ge ကိုမြင်ရတော့ Yibo ပြုံးလိုက်မိသည်။

SHUT UP !! SYSTEM !! Where stories live. Discover now