SUS Part 05

21K 2.5K 32
                                    

Zawgyi

Xiao Zhan တစ်ယောက် ဤတစ်ပတ်အတွင်း လုံးဝကို သူမတူအောင်ကြိုးစားနေတာဖြစ်သည်။ ရှိသမျှ သရုပ်ဆောင်တွေကအစ အောက်ခြေဝန်ထမ်းတွေအဆုံး အကုန်လုံးရှေ့မှာ ရိုးသားဖြူစင်ပြီး
ကူညီရိုင်းပင်းတတ်တဲ့ ကြာပန်းဖြူလေးသဖွယ် နေပြသည်။ Zhan Zhan လေး အသုံးမချတတ်ခဲ့တဲ့ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တဲ့ အပြုံးချိုချိုလေးတွေကိုလည်း လိုအပ်သလို အသုံးပြုသည်။ မိန်းကလေးရဲ့ အသည်းကို သူတစ်ခါပြုံးပြလိုက်ရုံမျှနဲ့ လှုပ်ခါသွားနိုင်စေသည်ဆိုတာကို သူယုံကြည်၍ ဖြစ်သည်။

နောက်ထပ်နည်းလမ်းအနေနဲ့ ရနိုင်သမျှ
ပေါက်ကရနည်းတွေ အကုန်ထုတ်သုံးပြီးလည်း ချစ်လှစွာသော Jing Zi လေးကို
စိတ်အနှောင့်အယှက် ဖြစ်စေမည်ဆိုသော
အပြုအမှု အပြောအဆိုများကိုလည်း
တမင်ရွေးလုပ်သည်။ အရင်က မသိခဲ့ပေမယ့် အခုတော့ သူ့ရဲ့ ကိုယ်ရေးရာဇဝင်ထဲကကျွမ်းကျင်မှု ပညာရပ်မှာ သူတစ်ပါးအား စိတ်အနှောက်အယှက်ပေးခြင်း ဆိုတာကိုပါ ထည့်သွင်းမည် ဆိုလျှင်တောင် ရနေပြီဖြစ်သည်လေ။

သူ့နေရာက အစားထိုးသရုပ်ဆောင်မို့
ဇာတ်ညွှန်းကလွဲရင် တိုက်ခိုက်မည့်နေရာတိုင်းကို Jing Zi ထက်သာနေအောင် တမင်လုပ်ပြသည်။ ဇာတ်လမ်း၏ အဓိက
ဇာတ်လိုက်ဖြစ်တဲ့ Wei Wu Xian မှာ
ပုလွေကိုင်ဆောင်သူမို့ ဤသည်က သူ့အတွက်အခွင့်အရေးတစ်ရပ် ဖြစ်သွားသည်။ Xiao Zhan အရင်ဘဝက မသင်ချင်သင်ချင်နှင့် သင်ခဲ့ရသော တူရိယာတွေထဲမှာ ပုလွေပါနေသဖြင့် အတင်းအကြပ်သင်ခိုင်းခဲ့သော ဘဝဟောင်းက မွေးသမိခင် ကျေးဇူးရှင်ကိုတောင် ထိုင်ရှိခိုးချင်မိသည်လေ။ တစ်ပတ်လုံးလုံး စိတ်ဒုက္ခပေးပြီးပြီဆိုတော့ အခုသူ လုပ်စရာရှိတာက Jing Zi
ဒေါသထွက်လာတာကို ထိုင်စောင့်ဖို့ ကျန်တော့သည်။ ဒေါသထွက်နေတဲ့သူက အမှားအမှန်ကို မခွဲခြားနိုင်တော့တာ ထုံးစံပဲလေ။

------------------------------------------

တစ်ဖက်မှာလည်း Yibo သရုပ်ဆောင်ရသည့် Lan Wang Ji ဇာတ်ကောင်မှာ
စကားပြောရမည့် ဇာတ်ညွှန်းနည်းပြီး အတိုက်အခိုက်နဲ့ Gu Qing တီးကွက်များသာ ပါသဖြင့် တိုက်ခိုက်မှုအတွက် အစားထိုးသရုပ်ဆောင်ဖြစ်သည့် Xiao Zhan နဲ့ တူတူလေ့ကျင့်ရသည့် အတွက်တော်သေး သည်ဟုပြောရမည်။

SHUT UP !! SYSTEM !! Where stories live. Discover now