SUS Part 04

23.1K 2.6K 86
                                    

Zawgyi

မှန်ရှေ့မှာ စိမ်ပြေနပြေနဲ့ ဖီးလိမ်းပြင်ဆင်နေတဲ့ Xiao Zhan တစ်ယောက် ပြန်လည်မွေးဖွားပြီးကတည်းက ပထမဆုံးအကြိမ်
အဖြစ် ကိုယ့်ရုပ်သွင်ကို ကျေနပ်မိတာဖြစ်သည်။ စိတ်ထဲမှ ဒီကောင်လေး မဆိုးပါဘူး ချောသားပဲဟု မှတ်ချက်ချရင်း
အတွေးထဲ ရုတ်တရက်ပေါ်လာတဲ့
ရှူတည်တည်မျက်နှာလေးတစ်ခု။

* Wang Yi Bo *
ဒီအမည်နာမလေးက ပျင်းရိခြောက်သွေ့စရာကောင်းတဲ့ သူ့ရဲ့ နှစ်ဘဝစာ ဖြတ်သန်းမှုကြီးထဲမှာ ရှားရှားပါးပါးကြုံတွေ့ရတဲ့ အိုအေစစ်လေးဟု ဆိုလျှင်ပင်မမှားနိုင်ပေ။
ရေခဲရိုက်ထားသလို အေးစက်တဲ့ မျက်နှာထားနဲ့ စူးရှတဲ့ကြည့်တွေရဲ့နောက်ကွယ်မှာ တစ်စုံတစ်ခုကို သိုဝှက်ထားသည်ဆိုတာ သူသိသည်။
ဘာဆိုတာကိုသာ သူမဖတ်တတ်သေးတာဖြစ်သည်။ ဒါပေမယ့် ကိစ္စတော့မရှိ။
အခုသူ့ဆီမှာ အပေါဆုံးက အချိန်ဖြစ်သည်။
ရေခဲရိုက်မျက်နှာနဲ့ ကိုယ်တော်လေးကို နားလည်နိုင်ဖို့အတွက် ပေါများပိုလျှံနေတဲ့ အချိန်တွေကို အသုံးချလိုက်ရင်
ရတာပဲလေ။ အလကားရတာပဲဟာ။
ပိုက်ဆံပေးရတာ.. မဟုတ်သေး...အခုအခြေအနေနဲ့ဆို ပိုက်ဆံထက်အရေးကြီးတဲ့ Points တွေ မပေးရရင်ပြီးတာပဲလေ။

Points ဆိုတော့မှ Xiao Zhan တစ်ယောက် System ကို သတိရသွားသည်။

" System ! မင်းပြောကြည့်ဦး ! ငါ့အမှတ်က အခုထိ ဘာလို့ ၅ မှတ်ပဲလဲ ? ငါမနေ့က ကောင်းကောင်းလုပ်ခဲ့တယ်မဟုတ်ဘူးလား ? "
Xiao Zhan သူ့လက်က လက်ပတ်လေးကို
ဘယ်ဆီဘယ်ဝယ်မှာမှန်းမသိတဲ့ System ဆီကို မြှောက်ပြရင်း ရန်တွေ့လိုက်သည်။

[ Host အခု ၅ မှတ်ပြန်ရတာကမှ ထူးဆန်းတာ မဟုတ်ဘူးလား။ အခုထိ Host က Mission နဲ့ပတ်သတ်တာ ဘာမှမလုပ်ရသေးဘူးလေ။ ]

" ဘယ်လို ? မင်းမမြင်ဘူးလား မနေ့ကငါ
Yibo ဆီက ကူညီပေးမယ်ဆိုတဲ့ ကတိရခဲ့တယ်လေ။ ဝေ့ ! မင်းသိလား အဲ့ကောင်လေးက ဘယ်လောက်တောင် လိုက်ရခက်ခဲလိုက်လဲဆိုတာ။ "

[ Host ဒါပေမယ့် မူရင်း ဇာတ်ကြောင်းမှာ
Yibo မှမပါတာ။ သတိပေးတယ်နော် သူနဲ့ အရမ်းနီးနီးကပ်ကပ်မနေနဲ့။ လိုတာထပ် ပိုရင်းနှီးရင် Points နုတ်ခံရမှာ။ Host ကအခု Points တအားနည်းနေတဲ့အတွက် မူလဇာတ်ကြောင်းက သိသိသာသာ ခွဲထွက်တာမျိုးလုပ်ခွင့်မရှိသေးဘူး။ Host အမှတ်လိုချင်ရင် Zhan Zhan နဲ့ အဓိက ရင်းနှီးခဲ့ဖူးတဲ့ သူတွေနဲ့ တိုက်ရိုက်ပတ်သတ်မှရမှာ။ ]

SHUT UP !! SYSTEM !! Where stories live. Discover now