SUS Part 12

19K 2.3K 181
                                    

Zawgyi

Xiao Zhan တကယ်တော့ နဂိုတည်းက အပြင်ထွက်ဖို့ အစီစဉ်မရှိ။ တမင်ဟန်လုပ်ခြင်းဖြစ်သည်မို့ Yibo နှစ်ခါ ခေါ်စရာတောင်မလိုဘဲ ပြန်လှည့်လာပြီး ကုတင်ပေါ်ပြန်ထိုင်လိုက်သည်။

" ဒါဆို မင်းပြန်အိပ်ပါလား "

Yibo က သူ့ကိုပြုံးပြပြီး ပြန်မေးလာသည်။
" Zhan ge အဖျားတိုင်းမကြည့်တော့ဘူးလား? "

" မတိုင်းတော့ဘူး ! တနေ့တည်း ခနခနတိုင်းစရာမလိုဘူး။ မင်းဘာသာ အိပ်တော့။ " သောက်ကလေး က သူ့ကို ရုပ်တည်နဲ့ ပြန်စနေပြီမှန်း Xiao Zhan သိသည်မို့ Yibo လက်မောင်းကို မနာအောင် ရိုက်လိုက်ပြီး ပြန်ချေပပြီးနောက် အိပ်ယာပေါ်က ထရန်ပြင်လိုက်တော့ Yibo က လက်ကို လှမ်းဆွဲထားပြန်သည်။

" ဘာလဲ အိပ်တော့လေ "

" Zhan ge အဖော်လုပ်ပေး "

" ဘာပြောတယ်!! " Xiao Zhan အလန့်တကြား ထအော် တော့သည်။ ဒီကလေး နေမကောင်းတာနဲ့ ထူးထူးဆန်းဆန်းတွေ ပြောနေပြန်ပြီ။

" Wang သခင်လေးရယ် မနောက်ပါနဲ့တော့ "

" ဘယ်သူက နောက်နေလို့လဲ "Yibo က ပြောပြီး တာနဲ့ Xiao Zhan လက်ကို ကိုင်ထားရာမှ အားနဲ့ ဆွဲချလိုက်တော့ သူပါ Yibo နဲ့အတူ အိပ်ယာပေါ်သို့ ပြုတ်ကျတော့သည်။ မမျှော်လင့်ထားသည့် အခြေအနေမို့ Xiao Zhan က Yibo ရင်ခွင်ထဲသို့ တန်းရောက်သွားသည်။ ရှက်စိတ်ရော လန့်သွားတာရော ပေါင်းပြီး အတင်းကုန်းထဖို့ လုပ်တော့ Yibo ရဲ့ လက်တွေက Xiao Zhan ကိုဖွဖွလေး ဖေးမထားရာမှ တင်းကြပ်လာတော့သည်။

Xiao Zhan တကယ့်ကို လန့်ဖြန့်ပြီး ခေါင်းထဲ သွေးတွေတောင် ဆောင့်တက်လာသလို ခံစားရသည်။ အရင်ဘဝမှာ အသက် ၃၀ ကျော်ထိ နေခဲ့ပေမယ့် တကယ်တမ်းက သူရည်းစားဆိုလို့ တစ်ယောက်တောင်မထားခဲ့ဖူးဘူး။ အလုပ်သဘောအရ ပတ်သတ်ခဲ့တာပဲရှိပြီး ဒီလိုကိစ္စတွေနဲ့ ပတ်သတ်ရင်တော့ အတွေ့အကြုံနည်းလွန်းလှသည်။

ဒါပေမယ့် Xiao Zhan က  မြင်ဖူးနေကျ ဝတ္ထုတွေထဲက အချစ်နဲ့ ပတ်သတ်ရင် တုံးအလွန်းတဲ့ ဇာတ်လိုက်တော့ မဟုတ်ပေ။ Wang YiBo သူ့အပေါ် ဘယ်လို သဘောထားသည်ကို သူရိပ်မိနေပေမယ့် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်က စိတ်ကစားတာ ဖြစ်နိုင်သည်မို့ သူဒီတိုင်းလွှတ်ပေးထားမိခြင်းဖြစ်သည်။ ဒီလောက်ထိ ဒီကလေး ရဲတင်းလိမ့် မယ်လို့ သူမတွေးမိတာလဲပါသည်။ ခေတ်ကာလ သားသမီးတွေများ ရဲတင်းလွန်းလိုက်တာ။

SHUT UP !! SYSTEM !! Where stories live. Discover now