Zawgyi
Xiao Zhan ရဲ့ လမ်းခရီး တစ်လျှောက်လုံးမှာ နားပူနားဆာ ပြုသော ကောင်းမှုကြောင့်နဲ့ ညနေပိုင်းလောက်ထဲက ရောက်ရမယ့် ခရီးကို ည ၈ နာရီ
ကျော်မှရောက်တော့သည်။ Xiao Zhan
ပတ်ဝန်းကျင်ကို လိုက်စူးစမ်း ကြည့်တော့ အခု သူတို့ရောက်နေတာ ခြံဝန်းအကျယ်ကြီးနဲ့ အိမ်ကြီးတစ်လုံးရှေ့ ဖြစ်သည်။ ခြံထဲဝင်လာတည်းက ခြံတံခါးလာဖွင့်ပေးတဲ့ ခြံစောင့်ရယ် သူတို့နှစ်ယောက်ကို အိမ်ရှေ့မှာ စောင့်ကြိုနေတဲ့ အသက်ကြီးကြီး အဒေါ်ကြီးတစ်ယောက်ရယ် အိမ်တော်ထိန်းရယ်ပဲ တွေ့သေးသည်။Yibo နဲ့ အတူပါလာတဲ့ သူ့ကိုကြည့်ပြီး အားလုံး မျက်နှာမှာ အံသြမှုတွေက အထင်းသားရယ်။
" သခင်လေး သူငယ်ချင်းပါလာတာလား။
ကြိုပြောထားရင် အခန်းပြင်ပေးထားမှာ
ပေါ့။ အခုတော့ စောင့်ရမယ်ထင်တယ်။ "
အိမ်တော်ထိန်းက Xiao Zhan ကိုကြည့်ပြီး
အားနာနေပုံနဲ့ ပြောတာကြောင့် အားနာဖို့မလို
ကြောင်း ပြန်ပြောမယ်ကြံကာရှိသေး Yibo ရဲ့
ရေခဲရိုက်ထားတဲ့ အေးစက်စက် အသံကြီးက အရင်ထွက်လာသည်။" ရတယ် သူက ကျွန်တော်နဲ့ နေလို့ရတယ်။ "
" ဟမ် ဘာ... ဘာလို့ ငါက မင်းတူတူ နေရမှာ
အိမ်ကြီးအကျယ်ကြီးကို။ ဟေ့.... " Xiao Zhan
အော်ဟစ်ပြီး ငြင်းမယ်ကြံသော်လည်း အားကြီး
လွန်းတဲ့ Yibo က သူ့လက်ကို အတင်းဆွဲကာ အပေါ်ထပ်က အခန်းဆီသို့ ဆွဲသွားလေတော့ Xiao Zhan ရုန်းကန်ရင်း ပါသွားပြန်သည်။Wang YiBo တကယ်ပဲ ဘာဖြစ်ချင်နေတာ
မှန်းကို ခန့်မှန်း၍ မရနိုင်တော့။ ရှောင်နေမယ်
ကြံစည်ကာမှ အရှင်လတ်လတ်တောင်
အဖမ်းခံလာရပြန်သည်။ ကြည့်ရတာ သူတို့ကြား
က ဒီဘာမှန်းမသိတဲ့ ပြသာနာကြီးကို အရင်
ရှင်းမှကို ဖြစ်မှာ။အခန်းထဲရောက်မှ သူ့ကို လွှတ်ပေးပြီး တံခါးကို
လော့ချလိုက်တဲ့ Yibo ကြောင့် Xiao
Zhan ရှိသမျှ အကြောအချဉ်တွေတောင်
ရပ်ဆိုင်းသွားသလို ခံစားသွားရသည်။" မင်း အဲ့တာဘာလုပ်တာလဲ ဘာလို့ လော့ချ
တာလဲ ဖွင့်ပေး အခုဖွင့်ပေး !! " Xiao Zhan
အာပြဲကြီးနဲ့ ကုန်းအော်တော့သည်။
![](https://img.wattpad.com/cover/195737774-288-k466440.jpg)
YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...