ယူနီဖောင်းကုတ်အင်္ကျီလေးကိုသေချာဝတ်ဆင်လိုက်ပြီးနာမည်ရင်ထိုးလေးကိုတပ်လိုက်ကာရှောင်းကျန့် ကိုယ်လုံးပေါ်မှန်ထဲကကိုယ့်ကိုယ့်ကိုကျေကျေနပ်နပ်ကြီးကြည့်နေသည်။
ပြောလို့ပြောတာမဟုတ် သူတို့ကျောင်းကဒီနှစ်တွေအတွင်းအနီးနားကမြို့တွေကကျောင်းတွေအထိနာမည်ကြီးလာတာ။ဘက်စုံထူးချွန်တဲ့ကျောင်းသားတွေပေါသည့်အပြင်အားလုံးကရုပ်ရည်ချောမောကြသေးတာကိုး....။
ဒါပေမယ့်တစ်ချို့ကျောင်းသားတွေကြဆိုးလွန်းလို့နာမည်ကြီးတယ်။လူကုံထံတွေပဲတက်တဲ့ကျောင်းဆိုတော့လဲဒီလိုစရိုက်တွေရှိနေတာမထူးဆန်းဘူးမဟုတ်လား။ရှောင်းကျန့်ဆိုတာလဲစာတော်သော,ပန်းချီတော်သော ကျောင်းသားတစ်ယောက်အနေနဲ့အပိုးပန်းခံကျောင်းသားဆိုသည်မှာငြင်းမရ။သို့ပေမယ့်မဆိုသလောက်လေးလဲရန်ဖြစ်တတ်သေးသည်။
ဆိုးမိုက်တာတော့မဟုတ်,ကျောင်းသားအချင်းချင်းတောင်ရိုးအ,တဲ့သခင်လေးတွေကိုအနိုင်ကျင့်တတ်တဲ့အဆိုးအပေတွေနဲ့သာရန်ဖြစ်တတ်တာ....
ပြောရရင် Heroလုပ်သည်ပေါ့။"သခင်လေး မနက်စာအဆင်သင့်ဖြစ်ပါပြီ"
အိမ်တော်ထိန်းဦးလေးရဲ့အသိပေးမှုအပြီးကျောပိုးအိတ်တစ်ဖက်ကိုလွယ်ကာအောက်ထပ်ကိုဆင်းလာတော့....
ထူးထူးဆန်းဆန်းပင် ပါးသည်မနက်စာဝိုင်းမှာထိုင်နေ၏။"Morning ပါး
ဒီနေ့တော့မနက်စာအိမ်မှာစားတယ်ပေါ့""Morning ကျန့်ကျန့်!
ရှောင်းသခင်လေးရဲ့အထက်တန်းပထမနေ့လေးကိုမနက်စာအတူစားပေးချင်လို့အချိန်ဖဲ့ပေးထားတာလေ""အမလေး...ကျေးဇူးတင်လိုက်တာခင်ဗျာ"
ထိုင်လျက်သားနှင့်လက်အုပ်ချီကာကန်တော့သည့်ဟန်လုပ်ပြတော့ပါးကအားရပါးရရယ်လေသည်။
မားကရှောင်းကျန့်မွေးပြီးပြီးချင်းပဲဆုံးသွားတာကြောင့်နှစ်ဖက်ဆွေမျိုးတွေကရှောင်းကျန့်ကိုနိမိတ်မကောင်းတဲ့ကောင်ဟုသမုတ်ကြသည်။
ပါးကမောင်နှမတွေရဲ့ပါးစပ်ကိုမပိတ်နိုင်တော့အတတ်နိုင်ဆုံးရှောင်းကျန့်နဲ့ဆွေမျိုးတွေမတွေ့ဖြစ်အောင်ထားသည်။
ဘိုးဘွားကန်တော့ပွဲနေ့တွေမှာတောင်မဖြစ်မနေမို့ဆုံရပေမယ့် ရှောင်းကျန့်ကိုအမြဲတမ်းအိမ်ကိုအရင်ပြန်စေသည်။
YOU ARE READING
HEARTBEAT (COMPLETED)
FanfictionWang Yi Bo & Xiao Zhan fan fiction fictionကိုfictionလိုသာမြင်ပေးကြစေရန်။