သူ့ကိုဝမ်ရိပေါ်မှန်းသိကတည်းက ဘေးခုံကနေလှမ်းစလိုက်,စားပွဲကိုလှမ်းခေါက်လိုက်နဲ့ ဆရာ့စာသင်ချိန်မပြီးသေးသော်ငြားဘေးကနေခွေးပေါက်လေးလိုတအိအိနဲ့နားညီးနေလေသည်။
ကျောင်းဆင်းဘဲလ်သံကြားတော့လဲဆရာ့ကိုနှုတ်ဆက်တုန်းရှိသေးသူကရိပေါ်နားကိုစွေ့ကနဲ့ရောက်လာ၏။
"ဝမ်ရိပေါ်...ဝါး
မင်းချောလာလိုက်တာကွာ
မယုံနိုင်ဘူးတကယ်...ဝိုး"လက်မတစ်ထောင်ထောင်နဲ့ချီးကျူးနေသောသူ့ကိုနဲ့မှင်သေသေကြည့်ပေးလိုက်တော့ ပါးစပ်ပိတ်လျှက်ပြုံးပြလေသည်....
ဘာနဲ့တူသွားပါလိမ့်။
နဂိုသွေးရောင်ရဲနေတဲ့ပါးဖောင်းဖောင်းလေးတွေမို့တက်လာတော့ ပေါက်စီကိုပါးနီတို့ပေးထားသည်ဆိုရမလား။"အိုကေ! အိုကေ!မစ,တော့ဘူး
အတည်ပြောမယ်....
ငါ့ကိုလွမ်းလို့ပြန်လာတာလား... ခွီ!"သူ့ဟာသူမေးပြီးသူ့ဟာသူသဘောကျနေပါသောရှောင်းကျန့်ဟာငယ်ငယ်တုန်းကထက်ပိုချစ်ဖို့ကောင်းလာတာကိုသူဝန်ခံပါသည်။သို့ပေမယ့်...ပေါတောတောအကျင့်ကတော့ပိုဆိုးလာသည်။
"ထမင်းသွားစားမယ် ...ထ!"
ရုတ်တရက်လက်ကိုလာကိုင်တာကြောင့်သူ့လက်ကိုပြန်ခါထုတ်မိလိုက်သည်။
စိတ်မကောင်းဖြစ်သွားသည်လား....
ညှိုးလျော်သွားသောမျက်ဝန်းတွေကိုမသိချင်ယောင်ဆောင်ပြီးထမင်းစားဆောင်ကိုအရင်ထွက်လာခဲ့တော့သည်။ဟုတ်တယ်လေ...ရိပေါ်ကလူတစ်ယောက်နဲ့အဲ့လိုဖက်လဲတကင်းမနေတတ်တာကို သူမသိတာလဲမဟုတ်ပဲနဲ့။
ဝမ်ရိပေါ်ထမင်းစားနေတုန်း ရှောင်းကျန့်နဲ့ကျိုးချန်အဆောင်ထဲဝင်လာသည်။
ရိပေါ်ကသာခုနကကိစ္စအတွက်အနေခက်နေသော်လဲသူကဘာမှမဖြစ်သည့်အတိုင်းလက်ပြနှုတ်ဆက်နေသေး၏...
ရှောင်းကျန့်ကစိတ်မဆိုးတတ်ဘူးလား
အမှတ်သည်းခြေမရှိတာလား?"ဝေး...ဝမ်ရိပေါ်
ငါဒီဘက်မှာပဲစားတော့မယ်နော်
မင်းနဲ့လာမစားတော့ဘူး"ရိပေါ်ကလှမ်း၍ပင်မကြည့်။
"ဟေ့ကောင်!မင်း ဝမ်ရိပေါ်ကိုသတိထားနော်
သူကနိုင်ငံခြားမှာအရမ်းဆိုးခဲ့တာတဲ့ကွ
ပြောလို့မရဘူး...မင်းသူ့ကိုနှောင့်ယှက်လွန်းလို့အမြင်ကပ်ပြီးဆိုင်ကယ်နဲ့တိုက်သတ်နေဦးမယ်"
ESTÁS LEYENDO
HEARTBEAT (COMPLETED)
FanficWang Yi Bo & Xiao Zhan fan fiction fictionကိုfictionလိုသာမြင်ပေးကြစေရန်။