HEARTBEAT 20

22.8K 2.5K 226
                                    

ရှောင်းကျန့် လူနှစ်ယောက်အားကိုပြန်ပြီးတော်လှန်နေရင်းအိတ်ကပ်ထဲကဖုန်းမြည်သံကိုကြားပေမယ့်မကိုင်အားပေ။

သေချာတယ်။
ဒါသည်သေချာပေါက်သူ့ရဲ့မောင်ဆိုတာ။

"နားငြီးလိုက်တာဗျာ
ကောရဲ့ဖုန်းကိုSilentဖြစ်ဖြစ်
Power offဖြစ်ဖြစ်လုပ်ထားပါလား"

လဲကျခါနီးလူတစ်ဦးကိုမထ,နိုင်အောင်အချက်ပေါင်းများစွာထပ်ပြီးထိုးကြိတ်နေရင်းအော်ပြောလေတဲ့ယွီပင်းကြောင့်
ရှောင်းကျန့်ရယ်လိုက်ရသေးတယ်။

"မင်းရဲ့အကိုသည်းသည်းလှုပ်ကြီးကို
မင်းသာနိုင်အောင်ထိန်းသင့်တယ်"

အားကုန်ခါနီးလူတစ်ယောက်ကိုမြေပေါ်ကျနေတဲ့တုတ်တစ်ချောင်းယူပြီးအားကုန်လွှဲရိုက်လိုက်ကာ
နောက်လူတစ်ယောက်ကိုတော့
ကိုင်ထားဆဲဘေ့စ်ဘော့တုတ်နဲ့ပင်
ယောက်ျားတစ်ယောက်ရဲ့အဓိကနေရာကိုဆောင့်ထိုးလိုက်၏။
ထိုအခါမှသူ့ရှေ့ဒူးထောက်ကျလာတဲ့လူရဲ့ခေါင်းကိုတုတ်နဲ့နှစ်ဆင့်လောက်ဆင့်ဆော်ပေးလိုက်သေးသည်။

"အားးး...ငါမောသွားပြီ"

ပြောပြောဆိုဆိုပင်လမ်းမပေါ်ကိုလှဲအိပ်လိုက်တဲ့ယောင်ဖလောင်းကိုကြည့်ပြီးယွီပင်းသက်ပြင်းချမိသည်။

ရှောင်းကျန့်ဝယ်တဲ့စာအုပ်တစ်အုပ်ကသူ့အထုပ်ထဲပါလာတာမို့ပြန်လှည့်ပြီး
အဆောင်ကိုလိုက်လာပေမယ့်
ရှောင်းကျန့်ကိုလူသုံးယောက်ဝိုင်းထားတာတွေ့လိုက်၏။

ဘယ်ရမလဲ....။အကို့သွေးပါပြီးသား။
ယောက်ဖလေးကိုကာကွယ်ဖို့ယွီပင်းလည်းအသင့်ဆောင်ထားတဲ့တုတ်ကိုယူပြီးဆင်းခဲ့တော့ ရှောင်းကျန့်သူ့ကိုမြင်သွားပြီးမျက်လုံးလေးတွေလက်ခနဲ့ဖြစ်သွားသည်။

အကိုစုံတွဲအတွက်သိပ်အားကိုးရတဲ့ယွီပင်းလေး....

စိတ်ထဲကနေကိုယ့်ကိုယ်ကိုချီးကျူးရင်းရှောင်းကျန့်ဆီထ,သွားပြီးလက်မောင်းကဆွဲကာထူပေးလိုက်၏။

လူအင်အားမမျှတာကြောင့်နှစ်ယောက်လုံးထိခိုက်မိတာရှိပေမယ့်ကြီးကြီးမားမားတော့မဟုတ်။
ရှောင်းကျန့်ကနဖူးကွဲပြီးယွီပင်းကဘယ်လက်မောင်းညိုသွားတာလောက်ပင်။

HEARTBEAT (COMPLETED)Tempat cerita menjadi hidup. Temukan sekarang