"ဝမ်ရိပေါ်!!...မင်းကိုငါကြိုက်တယ်!"
"အဲ့လိုမဟုတ်သေးဘူး...!
မင်းကရည်းစားစကားပြောတာလေကွာ
ဓားပြတိုက်နေတာမဟုတ်ဘူး
ငြင်ငြင်သာသာလေးပြော"ရိပေါ်အပြင်ကပြန်လာရင်ဖွင့်ပြောမယ်လို့ဆုံးဖြတ်ပြီးကျိုးချန်နဲ့အတူဝန်ခံရေးဗျူဟာကိုရှောင်းကျန့်လေ့ကျင့်နေခြင်းဖြစ်သည်။
"ရိပေါ်ကော~~
ငါလေးက...မင်းကိုကြိုက်နေတာသိလား~~""အဲ့လောက်လဲပျော့စရာမလိုဘူးလေကွာ!
အလယ်အလတ်အသံလောက်......"ရှောင်းကျန့်မျက်နှာကြီးနီလာတာကြောင့်
ကျိုးချန်ရှေ့ဆက်မပြောရဲတော့ပေ။
မကြာခင်ဒေါသအိုးကြီးပေါက်ကွဲတော့မှာသူသိနေတယ်။"မင်း...ပြောတတ်သလိုသာပြောတော့ကွာ
ငါအခန်းပြန်တော့မယ်"ကျိုးချန်လှစ်ကနဲ့ထွက်ပြေးသွားတော့
ရှောင်းကျန့် ခေါင်းတဗြင်းဗြင်းကုပ်ပြီးကြမ်းပြင်ပေါ်ထိုင်ချပစ်သည်။
ဒီတိုင်းသူများလက်ထဲပါသွားတာကိုထိုင်ကြည့်နေရတာထက်ဖွင့်ပြောပြီးမှငြင်းခံရတာတော်သေးတယ်မဟုတ်လား။
မပြောနိုင်ဘူးလေ...ကိုယ့်ဘက်လဲပါရင်ပါလာမှာပေါ့!ဒီညပြောကိုပြောမယ်...။
ရှောင်းကျန့် ကိုယ့်ကိုယ်ကိုအားပေးပြီးရိပေါ်ပြန်အလာကိုကုပ်ကုပ်လေးထိုင်စောင့်နေတယ်။
ညနေပြန်ရောက်မယ်လို့ပြောသွားပြီး
ည၇နာရီမှပြန်လာတဲ့ရိပေါ်ကိုရှောင်းကျန့်အမြင်မကြည်တော့ဘူး။"ငါညစာဝယ်လာတယ်!
မစားရသေးဘူးမလား...?တူတူစားရအောင်"ပြောပြီးတစ်ယောက်ထဲပန်းကန်တွေထုတ်ပြီးညစာပြင်နေတဲ့ရိပေါ်ကိုရှောင်းကျန့်ဘာမှကူလုပ်မပေးဘူး။
တစ်စိတ်...သူစိတ်ကောက်တာကို
ရိပေါ်သိပါလေစ။"လာစားပါကွာ!
စပါကတီလေ မင်းကြိုက်တယ်မလား?
ငါဒါကိုစောင့်ဝယ်နေရလို့နောက်ကျသွားတာ
တော်တော်ကြာတယ်ကွ!
ဒီအရသာကအရမ်းကောင်းတော့အကြာကြီးစောင့်လိုက်ရတာ..."ရိပေါ်ကရှောင်းကျန့်လိုငတုံးမဟုတ်ဘူးပဲ။
"လာပါ...စားကြည့်"
ŞİMDİ OKUDUĞUN
HEARTBEAT (COMPLETED)
Hayran KurguWang Yi Bo & Xiao Zhan fan fiction fictionကိုfictionလိုသာမြင်ပေးကြစေရန်။