💖💖💖
~ ဗျာ! ~
တစ်စိတ်!
မေမေအခုဘာပြောလိုက်တာလဲ???
ငါပဲနားကြားမှားတာလား???
မဖြစ်နိုင်တာကြီး....ရှောင်းကျန့်တစ်ယောက်အံ့သြလွန်း၍ပါးစပ်ပင်မပိတ်နိုင်တော့...
ပြူးကျယ်သွားသောမျက်ဝန်းများနှင့် 'ဗျာ´ ဟူသောအာမေဠိတ်သံတစ်လုံးသာထွက်နိုင်ပုံသည် အလွန်အမင်းအံ့သြနေခြင်းကိုသိသာစေသည်။
~ ပါးစပ်လေးတော့စေ့ပါဦး ကျန့်ကျန့်ရဲ့...
အဲ့လောက်ထိအံ့သြမနေနဲ့ ပီးတော့ကြိုပြောမယ် သားလုံးဝငြင်းခွင့်မရှိဘူး ကျန့်ကျန့် ~ရှောင်းကျန့်အယောင်ယောင်အမှားမှားဖြင့်ကိုယ့်လက်ကိုယ်ဆွဲစိတ်မိသည်။
ရလဒ်အနေဖြင့် စူးကနဲနာကျင်မှုနှင့်အတူ ရှောင်းကျန့်လက်ကလေးနီသွားသည်။သွားပါပီ! ငါ့တော့... တကယ်ကြီးဟ! ငါလေးလက်ထပ်ရတော့မှာတဲ့လား???
ပီးတော့မေမေ့သူငယ်ချင်းသားနဲ့တဲ့!
ဘယ်လိုတောင်လား???အိမ်မက်သာဖြစ်ခွင့်ပေးပါတော့....
ရှောင်းကျန့်တစ်ယောက်စိတ်ထဲမှာသာရေရွတ်နေနိုင်တော့သည်။
မေမေ့၏ခေါင်းမာမှုအားမနိုင်မှန်းသိထားသောကြောင့် "ဟုတ်ကဲ့ " ဟုသာပြော၍အခန်းထဲသို့ဝင်လာခဲ့ခြင်းဖြစ်သည်။
ရှောင်းကျန့်တစ်ယောက်မိခင်အားမလွန်ဆန်နိုင်၍အခန်းထဲတွင်ရှေ့နောက်လျှောက်ကာအကြံညဏ်ထုတ်နေလေသည်
ဘာပဲဖြစ်ဖြစ်ရှောင်းကျန့်ထိုစေ့စပ်မှုအားလက်မခံနိုင်ပါ...
အကြောင်းမှာထိုသူသည်ယောကျားလေးဖြစ်နေ၍မဟုတ်ပါ/ သူသည်ယခုမှ Uni ကျောင်းသားလေးပင်ရှိသေးသည်မဟုတ်ပါလော^
ပျော်ရွှင်စရာကောင်းသောလူပျိုတစ်ယောက်ဘဝအားစောစီးစွာအဆုံးရှုံးမခံနိုင်ပါ။သူ၏လွတ်လပ်သောလူငယ်ဘဝလေးအားနေမဝင်စေချင်သေးပေ...
*စဉ်းစားစမ်းပါ ရှောင်းကျန့်ရာ မင်းကညဏ်ကြီးရှင်ပဲကို... *
မိမိကိုယ်ကိုအားပေးအားမြှောက်ပြု၍အချိန်အတော်ကြာစဉ်းစားပြီးသောအခါရှောင်းကျန့်တစ်ယောက်ဦ နှောက်မီးလင်း< အကြံညဏ်ရ > သွားလေသည်။
![](https://img.wattpad.com/cover/196293954-288-k689087.jpg)