💖💖💖
အနက်ရောင်ကားလေးရဲ့lover seat နေရာမှာနှုတ်ခမ်းလေးဆူပီးထိုင်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်!
သူ့ဘေးကကောင်လေးကတော့လမ်းမကိုကြည့်လိုက်သူ့ကိုကြည့်လိုက်နဲ့ဗျာများနေပုံ!
< ငါတော့အဲ့ကားနောက်မလိုက်ရဲပေါင်😅 >ဒီနေ့ရှောင်းကျန့်ကျောင်းစဖွင့်တဲ့နေ့^
ကျန်းချန်နဲ့အတူသွားမို့ပြောပီးသား!
ဒါပေမယ့်.....
လူကြီးကြောင့်ပါပဲ!
ကျန်းချန်ကိုခြံတခါးတောင်ဖွင့်မပေးဘဲပြန်လွှတ်လိုက်တယ်လေ!
အဲ့လောက်ထိတော့မလုပ်သင့်ဘူးထင်ပါရဲ့!
ကျန်းချန်ကသူဌေးသား^
ပီးတော့လူကြီးအိမ်ကဘာမှခိုးချင်စရာမှမရှိတာ!
<အနော်စွံ့အ😑>💖💖💖
~ချာတိတ် ကိုယ်ညနေပြန်လာကြိုမယ် ဒီမှာပဲစောင့်နေ ~
~ကျွန်တော်ကလေးမဟုတ်ဘူး ~
~ သိပါတယ်^ လူကြီးပေါက်စရဲ့ ~
~ဘာ!!! ~
~ လူတွေရှိနေလို့နော်! ခင်ဗျား ~ <လူမရှိတော့ရော😉>
ဝမ်ရီပေါ်မိမိအားစိတ်တိုကာဘောက်ဆတ်ဘောက်ဆတ်ဖြင့်ထွက်သွားသောရှောင်းကျန့်အားအတော်ကြာအောင်ငေးနေမိသည်။
*ဘာလုပ်လုပ်ကိုချစ်ဖို့ကောင်းနေတော့တာပဲ^ *
ဘယ်အချိန်ကတည်းကမှန်းမသိခဲ့ပေမယ့်!
ဝမ်ရီပေါ်ရှောင်းကျန့်အားချစ်နေမိပီဖြစ်သည်။ရယ်လိုက်တိုင်းပေါ်လာသည့်ရှေ့သွားလေးတွေကြောင့့်လား???
ကလေးတစ်ယောက်လိုပြု မူ တတ်ခြင်းကြောင့်လား???
ရှက်သွားတဲ့အခါတိုင်းပန်းရောင်သန်းလာတဲ့ပါးလေးတွေကြောင့်လား???
သူနဲ့နီးကပ်သွားရင်မြန်လာတဲ့ရင်ခုန်သံတွေကြောင့်လား???ဘာကြောင့်မှန်း^ ဘယ်အချိန်ကတည်းကမှန်းမသိပေမယ့်
ရင်နဲ့နင့်အောင်ချစ်ရပါတယ် ချာတိတ်ရယ်.....သိဖို့လည်းမလိုပါဘူး!
အချိန်နဲ့အကြောင့်ပြချက်ကအရေးမှမကြီးတာ^.....💖💖💖
ရှောင်းကျန့်အခုအရမ်းပျော်နေတယ်!
လူကြီးကသူ့ကိုစားသောက်ဆိုင်ကိုလိုက်ပို့တယ်!
သူတို့အခုအပေါ်ဆုံးအထပ်မှာ!
လေလေးတွေတဖြူ းဖြူ းနဲ့...
သူအရမ်းသဘောကျတာပဲ!
သူတို့ဝိုင်းဘေးနဲ့နှစ်ခုံအကွားမှာသီချင်းဆိုနေတဲ့သူတွေ!
အတိအကျပြောရရင်... စုံတွဲသီချင်းဆိုနေတဲ့သူတွေ!!!
သူတို့အခုပုံစံကချစ်သူတွေညစာလာစားနေသလိုပဲ!
ကြည်နူးစရာကောင်းတယ်!
ဘာလို့လဲ???
သူမသိဘူး! ဘေးကလူကြီးကြောင့်လား???
ဒါမှမဟုတ်^
နေရာကြောင့်လား???
ဘာ့ကြောင့်ပဲဖြစ်ဖြစ်ပေါ့!
သေချာတာကသူအခုပျော်နေတယ်.....💖💖💖
ဝမ်ရီပေါ် ဒီနေ့အလုပ်တွေစောပီးနေတယ်!
သူရှောင်းကျန့်ကိုအရမ်းလွမ်းနေပီ!
ဒါပေမယ့် ရှောင်းကျန့်တို့ကျောင်းဆင်းဖို့အချိန်တစ်နာရီကျော်လိုသေးတယ်။
တက္ကသိုလ်ကျောင်းကြီးကိုမုန်းလိုက်တာ!!!📱📲
~ဝေ ~
~ဝမ်ဝမ်! ~
ဒီအသံ!
ဒီလိုခေါ်တဲ့သူ!
မဖြစ်လိုက်ပါနဲ့!
ထပ်မံထွက်ပေါ်လာသောစကားသံအရဝမ်ရီပေါ်၏ဆုတောင်းတို့မပြည့်ခဲ့...~ဝမ်ဝမ် ငါပြန်လာပီလေ! ~
~ငါနဲ့မဆိုင်တော့ဘူးလားလို့ ~
~ရောက်ရောက်ခြင်းနင့်ဆီဖုန်းဆက်တာ...
ငါလေဆိပ်မှာ! ~~ငါလက်ထပ်ပီးပီ ~
အမေးနှင့်အဖြေမကိုက်စွာစကားပြောပီးနောက်ဖုန်းကိုသူ့ဘက်ကအရင်စချလိုက်သည်။
ထို့နောက်ဖုန်းနံပါတ်ကို black list ထဲထည့်ကာဝမ်ရီပေါ်သက်ပြင်းရှည်ကြီးချလိုက်မိသည်။*ငါ့ကိုထပ်ပီးလာမရှုပ်တော့ရင်ကောင်းမှာ! *
💖💖💖
တစ်ဖက်ရှိလေယာဉ်ကွင်းတွင်လည်းကျသွားသောဖုန်းကိုကိုင်ကာဒေါသထွက်နေသောကောင်မလေးတစ်ယောက်! သူမနုတ်မှစကားအချို့ရေရွတ်လိုက်တယ်!!!
~နင်ငါ့ဆီပြန်လာစေရမယ် ဝမ်ဝမ် ~
Note💙
ဘယ်သူလဲ???
သိချင်ရင်စောင့်ပေါ့😝^"ယနေ့သတင်းများအရ ဤ "fic" တွင်လေစိမ်းတိုက်မည်ဖြစ်ကြောင်း "^
မုန်တိုင်းမဟုတ်ဘူးနော်😒
အနော်reader တွေကိုကြောက်လို့😩Love you all my readers😘😘😘
<14-8-19> [ချောင်းရိုက်ခံရမှာကြောက်၍တင်သည်😖]