💖💖💖
ဘာလိုလိုနဲ့သဘက်ခါဆိုရှောင်းကျန့်ကျောင်းတက်ရတော့မယ်!ဒီနေ့ဝမ်ရီပေါ်အလုပ်မသွားဘူး!
ရှောင်းကျန့်ကျောင်းအတွက်လိုအပ်တာတွေသွားဝယ်ရမယ်လေ!
အစကကျန်းချန်နဲ့မနေ့ကတည်းကသွားမလို့!
သူကမသွားခိုင်းတာ!
ဘာလို့မှန်းတော့မသိပေမဲ့ကျန်းချန်ကိုသူစကားကောင်းကောင်းမပြောဘူး!
အကြည့်တွေကလည်းအေးခဲပီးသေနိုင်တဲ့အကြည့်တွေနဲ့!
ကျန်းချန်ကတော့ကျောင်းဖွင့်မှတွေ့မယ်လို့ပြောပီးပြန်သွားတယ်!
အိမ်ထဲတောင်မဝင်ဘူး!
လူကြီးရဲ့မျက်ထောင့်နီကြီးကိုကြောက်သွားလို့နေမှာ!!!အဲ့လိုနဲ့ပဲဒီနေ့သူနဲ့ဈေးသွားရမှာ^
သူ့ဦ လေးကကုမ္ပဏီပိုင်ရှင်ဆိုတာနဲ့ပဲသူလည်းလုပ်ချင်တာကိုလုပ်နေတော့တာပဲဒီလူကြီးကတော့!!!
အလုပ်ပြုတ်သွားလို့ကတော့တင်ကျွေးမထားဘူး!
ဒါပေမယ့်လောလောဆယ်တော့လူကြီးကတင်ကျွေးထားရတာ!မေမေကတစ်ပတ်တစ်ခါပိုက်ဆံပေးလိုက်ပါတယ်!ဒါပေမယ့်လိုအပ်တာတွေကအမြဲတမ်းအသင့်ရှိနေတော့မသုံးဖြစ်ဘူးလေ!အခုလည်းကြည့်!
ကိုယ်မလိုအပ်တာကိုမျက်လုံးနဲ့တောင်ဝှေ့မကြည့်ရဲဘူး!
ကြည့်တာနဲ့အကုန်ဝယ်ပေးနေတယ်!
မလိုဘူးပြောလည်းမရဘူး!
သူ့စိတ်တိုင်းကျကြည့်ဘဲ!ဒီကြားထဲဒေါသကထွက်ရသေးတယ်။
ဈေးထဲဝင်လာကတည်းကလိုက်ငေးနေတာလူကြီးကိုချည်းဘဲ!
တော်တော်အားနေကြလားမသိဘူး!
ကိုယ်ဝယ်စရာရှိတာမဝယ်ကြပဲနဲ့!ဒုန်း 💥
~အ ~
ဆိုင်တစ်ဆိုင်ထဲဝင်ခါနီးတွင်ကောင်မလေးတစ်ယောက်နဲ့ဝင်တိုက်မိသွားသည်။
~ဒီမှာ မင်းလူတစ်ယောက်လုံးကိုမမြင်ဘူးလား ~
လူကြီးကကျွန်တာ့်ကိုထူပေးရင်းကောင်မလေးအားအော်လိုက်သည်။
~ဪဒီကအကို့ကိုတောင်းပန်ပါတယ်ရှင့် ~
ရုံးပတီးထက်ပို၍ချွဲသောအသံဖြင့်လူကြီးအားတောင်းပန်နေလေသည်။
နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။
ဂွင်လာဖန်နေတာပဲ!!~ဒီမှာ မင်းမျက်စိတော့ကောင်းပါတယ်နော် ~
~ရှင်! ~
