part-4💖💖💖

6.1K 388 5
                                    

💖💖💖

ဝမ်ရီပေါ် ပြင်ဆင်ပီးနောက်ရှောင်းကျန့်နှင့်ချိန်းထားသည့်နေရာသို့ရောက်လာခဲ့သည်။
ဆိုင်တံခါးဖွင့်ကာအထဲသို့ဝင်လိုက်ပီးထောင့်ကျသည့်နေရာသို့မျက်လုံးဝေ့ကြည့်လိုက်သည်။
တွေ့လိုက်ပီ။ဆိုင်၏အနောက်ဘက်ထောင့်နားမှသူ့အားလက်လှမ်းပြနေသောအဖြူဝမ်းဆက်ဝတ်ထားသည့်ကောင်လေးတစ်ယောက်။
အချိန်ဆွဲမနေတော့ပဲထိုနေရာသို့သွားလိုက်ကာမျက်နှာချင်းဆိုင်ခုံတွင်သာဝင်ထိုင်လိုက်တော့သည်။
ထိုကောင်လေးမျက်နှာအားအားသေချာစွာအကဲခတ်မိတော့...

*Wow! မိန်းကလေးချောချောတာပဲ၊
မဆိုးပါဘူးလေ မေမေတို့သားမက်လေးက *

ဝမ်ရီပေါ် စိတ်ထဲတွင်သာတွေးလိုက်မိသည်။

~ရောက်နေတာကြာပီလား ~

~ဟင့်အင်း စောနကမှရောက်တာ ~

~သြော်... ကိုယ်နဲ့ဘာလို့တွေ့ချင်တာလဲမသိ ~

~ဟို... ခင်ဗျားမှာရည်းစားမရှိဘူးလား.. ~

~ဟမ်! ~

ရုတ်တရပ်ကြီးမေးလိုက်သောစကားကြောင့်ကြောင်၍ပင်သွားသည်။
ဘာလုပ်မို့ပါလိမ့်???

~အာ... တစ်ခြားသဘောကြောင့်မဟုတ်ပါဘူး ခင်ဗျားမှာချစ်ရမယ့်သူရှိရင်ငြင်းပေးမို့ပါ ~

သြော်... သိလိုက်ပီ!ဒီကောင်လေးကလက်မထပ်ချင်ဘူးပဲ။

~ငါ့မှာတော့မရှိဘူး မင်းကရော ~

~မရှိ အဲ ရှိတယ် ~

ဝမ်ရီပေါ် မိမိရှေ့မှကောင်လေးမလိမ်တတ်ပဲနှင့်လိမ်နေသည်ကိုကြည့်ကာရယ်ချင်လာသည်။သို့သော်ရယ်ချင်စိတ်ကိုထိန်းကာ

~ ငါ့ကိုငြင်းပေးစေချင်တာလား ~

~ ဟုတ်တယ် ဟို... ခင်ဗျားလည်းလက်မထပ်ချင်သေးဘူးမလား ~

~ ငါသာငြင်းလို့ရရင်ဒီစေ့စပ်ပွဲကဖြစ်လာမှာကိုမဟုတ်ဘူး ~

ရှောင်းကျန့် ဝမ်ရီပေါ့်အဖြေကိုကြားလိုက်ရသောအခါမိမိ၏မျှော်လင့်ချက်လေးမှာရိုက်ချိုးခံလိုက်ရသလိုဖြစ်သွား၏။

*သွားပီ... ငါရဲ့လူပျိုဘဝလေးတော့ရေစုန်မျောပါပီ... *

ဝမ်ရီပေါ် မိမိပြောလိုက်သောစကားကြောင့်မျက်နှာလေးစူပုတ်ပုတ်ဖြစ်သွားသောကောင်လေးကိုကြည့်ရင်းပြုံးမိသည်။စိတ်ထဲတွင်လည်း

My sonny🐰<completed>Où les histoires vivent. Découvrez maintenant