💖💖💖
ရှောင်းကျန့်ရေချိုးပီးနောက်ပြင်စဉ်စရာရှိသည်များကိုပြင်ဆင်ကာရှောင်းကျန့်တို့မေမေအိမ်သို့ထွက်လာခဲ့သည်။
အကြောင်းမှာမနေ့ကလက်ထပ်ပွဲပီးမှ"မနက်ဖြန်မနက်ကိုးနာရီလာခဲ့!အရေးကြီးတယ်" ဟုပြောထားခြင်းကြောင့်သာ...~မေမေ ဘာကိစ္စရှိလို့လဲဟင်~
~အမလေး အရင်ထိုင်ပါဦ ကျန့်ကျန့်ရဲ့ ဝမ်ရီပေါ်သားလည်းထိုင် ~
~ဟုတ်ကဲ့~
~ရော့ ~
ရှောင်းကျန့်မေမေပေးလိုက်သောစာအိတ်အားယူ၍ဖွင့်ကြည့်လိုက်သည်။
စာအိတ်ထဲတွင်လက်မှတ်နှစ်စောင်!အတိအကျပြောရလျှင်
Singapore သို့သွားရမည့်လေယာဉ်လက်မှတ်!!~မေမေ ဒါဘာလုပ်ဖို့လဲဟင်~
~သားတို့ဟန်းနီမွန်းထွက်ဖို့ ~
~ ဗျာ ~
တစ်ယောက်ယောက်ငါနားကြားမှားတယ်လို့ပြောပေးကြပါ!
ဟိုလူကြီးကြည့်လိုက်တော့တုပ်တုပ်မှမလှုပ်။
သူသိထားပီးသားကြီးလား???~ဟေ့လူကြီး ခင်ဗျားသိပီးသားလား~
~အင်း~
ကြည့်!ပြန်ဖြေပုံကိုက!!
မဖြစ်^ဟန်းနီးမွန်းတော့သူလုံးဝမသွားနိုင်!
အကြောင်းပြချက်စဉ်းစားစမ်း!!!
အာ... သိပီ^~မေမေ သားမသွားလို့မရဘူးလားဟင် ~
~အားကျန့်!!! ~
~မေမေရာ မသွားဘူးနော် လုံးဝဘဲ သူလည်းသွားချင်မှာမဟုတ်ဘူး ဟေ့ လူကြီးပြောလိုက်လေ မသွားဘူးလို့ ~
~သားကမသွားချင်ဘူးလားရီပေါ် ~
~ကျွန်တော်ကကိစ္စမရှိပါဘူး သွားလည်းရတယ် မသွားရလည်းရပါတယ် ~
~မရပါဘူးမေမေရ သူကအလုပ်များနေတာကို တော်ကြာအလုပ်ဖြုတ်ခံနေရမှဖြင့် ဟုတ်တယ်မလား! ~
~ကိုယ်ကဘာမှမဖြစ်ပါဘူး ကုမ္ပဏီပိုင်ရှင်ကကိုယ့်ဦ လေး ~