Forever-2♥

5.3K 417 34
                                    

Unicode✌

💖💖💖

ဝမ်ရီပေါ်ဆရာဝန်လေးနှင့်ဆွေးနွေးပီးပြန်လာသည့်လမ်းတွင်မျက်နှာမှာအသွားတုန်းကနှင့်မတူဘဲကြည်လင်၍ရှွင်ပြနေလေသည်။ဆရာဝန်လေးပြောလိုက်သောစကားများအားလည်းနားထဲတွင်အထပ်ထပ်ကြားယောင်နေမိသည်။

~ ဒီလိုဖြစ်အင်ကအရမ်းရှားပါတယ်!ယောကျာ်းလေးတစ်သောင်းလောက်မှတစ်ယောက်တောင်မဟုတ်ဘူး!! ~

~ ဂုဏ်လည်းယူပါတယ်!!ဒါပေမဲ့တော်တော်ဂရုစိုက်ဖို့တော့လိုလိမ့်မယ် ~

~ ဟုတ်ကဲ့ပါ ~

~ ညနေဆိုဆေးရုံဆင်းလို့ရပါပီ ~

~ ဟုတ်ကဲ့ပါ!!ခွင့်ပြုပါဦး ~
.
.
.
~ လူကြီးဘယ်တွေသွားနေတာလဲ??ကျွန်တော်နေမကောင့်းတာတောင်အနားမှာနေမပေးဘူး!! ~

အခန်းထဲဝင်ဝင်ချင်းကြားလိုက်ရတဲ့ချာတိတ်ရဲ့အသံစွာစွာလေးကြောင့်ဝမ်ရီပေါ်ပြုံးလိုက်မိတယ်။

~ ပြောလေ!နေမကောင်းတဲ့လူကိုတစ်ယောက်ထဲထားပီးဘယ်တွေလျှောက်သွားနေတာလဲ?? ~

~ ရှောင်းကျန့်!!ငါမင်းဘေးမှာငုတ်တုပ်ကြီးရှိနေတယ်လေ ~

ရှောင်းကျန့်ကုတင်ဘေးကခုံမှာထိုင်ပီးပန်းသီးအခွံခွာနေတဲ့ ကျန်းချန်ကပြောလာတယ်။

~ တူလို့လား??မင်းရုပ်နဲ့လူကြီးရုပ်နဲ့လည်းယှဉ်ကြည့်ဦး ~

~ ဘာ!!အေး မတူဘူးဆိုလည်းငါသွားပီ!!နောက်တစ်ခါမင်းဆေးရုံတက်ရရင်ငါ့လာမခေါ်နဲ့!! ~

ကျန်းချန်ကရှောင်းကျန့်အားပြောကာထိုင်ခုံမှထသည်။

~ အဲ မပြန်နဲ့လေကွာ!!ငါကစတာကို ပန်းသီးလေးပီးအောင်တော့ခွဲပေးသွားလေ!!ချစ်သူငယ်ချင်းကြီးကလည်း ~

~ နိုး!!မင်းချစ်လင်လင်ကြီးကိုပဲခွဲခိုင်းတော့!!
ဝမ်ရီပေါ်!! ငါသွားပီ! ~

~ အင်း! ~

~ ညနေကျလာခဲ့ဦးနော်!! ~

ရှောင်းကျန့်၏ပြောင်စပ်စပ်အပြောကိုမတုန့်ပြန်တော့ဘဲကျန်းချန်ကခုံတွင်ချိတ်ထားသောသူ့အနွေးထည်အားယူကာထွက်သွားတော့သည်။
သူ့ချာတိတ်သူငယ်ချင်းဖြစ်သူ၏စိတ်အားသိထားသောကြောင့်ဘာမှဝင်မပြောဖြစ်တော့!!
ချာတိတ်နှင့်သူ့သူငယ်ချင်းကျန်းချန်မှာအချင်းချင်းခဏခဏစနောက်၍စိတ်ဆိုးယောင်ဆောင်လေ့ရှိကြသည်။ပီးရင်တော့သူတို့မဟုတ်သည့်အတိုင်းတပူးပူးတတွဲတွဲပြန်ဖြစ်သွားကြမြဲပင်ဖြစ်သည်။
ဝမ်ရီပေါ်ကထိုင်ခုံတွင်ဝင်ထိုင်တော့ရှောင်းကျန့်ကထိုင်နေရာမှစောင်ကိုခေါင်းမြီးခြုံကာဟိုဘက်ကိုလှည့်သွားလေသည်။
သဘောက သူစိတ်ကောက်နေတယ်ပေါ့!!

My sonny🐰<completed>Where stories live. Discover now