HBB(4)
Jimin စာကြည့်တိုက်က ငှါးလာသည့် စာအုပ်လေးတစ်အုပ် ပျောက်နေသည်။
အခန်းထဲ ဗြောင်းဆန်အောင် ရှာနေသော်လည်း မတွေ့..။
"ဟူး~~ ဒီစာအုပ်က ဘယ်လိုလုပ် ပျောက်သွားရတာလဲ ငါ သေချာကို ဒီစားပွဲပေါ် တင်ထားတာကို..ဟိုကလေးများ ယူကိုင်ပြန်ပြီလားမသိဘူး..သူ့အခန်းထဲ သွားရှာဦးမှ~~"
kookieအခန်းရှိရာဆီ သွားလိုက်ရင်း စာကြည့်စားပွဲ ပေါ်ကို ရှာမိတော့..
ဟော~~ တွေ့ပါပြီ သူ့စာအုပ်ပုံတွေကြား ညှပ်နေလေသော Jiminစာအုပ်လေး..
"ဒီကလေး ငါ့ပစ္စည်းတွေ ယူ ယူ ကိုင်ပြန်ပြီ..မကြိုက်တာ ကို သိရက်နဲ့!!အော်မိရင် စိတ်က ဆိုးအုံးမယ်.."
စာအုပ်ယူပြီး ပြန်ထွက်မလို့ လုပ်ခါမှ ပွင့်နေသော အံဆွဲရဲ့ အောက်နားမှာ ပေါ်နေတဲ့ စာအုပ် အမဲလေးက Jimin အာရုံကို ဆွဲဆောင်နေတာမလို့..ယူ ကြည့်မိလိုက်သည်။
"ဒီဟာလေးက ဘာမလို့ အံဆွဲ့ အောက်နားထိ ထည့်ဖွက်ထားရတာလဲ!!"
ပြောရင်း စာအုပ်လေးကို ဖွင့်လိုက်မိသည်။
ဖွင့်ဖွင့်ချင်းမှာပင်
*ကိုကို့ ကို....* ဆိုပြီး ရေးထားသည်။
လှန်ကြည့်လိုက်တော့ ပထမ စာမျက်နှာတွင်..
*ကိုကို~~
ကိုကိုက ပြုံးလိုက်ရင် သိပ်လှတယ်
ယောက်ျားလေးမို့ လှတယ်ဆိုတဲ့ အသုံး မသုံးသင့်မှန်းသိပေမယ့် ကိုကိုက တကယ်ကို လှတယ်..*
(1.6., 10:12PM)နောက်တစ်ရွက်လှန်လိုက်တော့..
**အားရပါးရ ရယ်မောလိုက်တိုင်း မှိတ်ကျသွားတဲ့ မျက်လုံးလေးတွေ..ကို kookieဖြင့် သိပ် သဘောကျတာပဲ~ကိုကို**
(2.6, 11:45PM)တစ်ရွက်ပြီး တစ်ရွက် ဆက်လှန်မိတော့...
***ကိုကိုကတော့ ဘာရယ်မဟုတ် ရှေ့ဆံပင်လေးတွေ ကို သပ် တင်လိုက်တာပဲ kookieမှာသာ ရင်ခုန်သံတွေ လမ်းပျောက်လို့...~~***
(7.6, 10:30PM)****ကိုကို အက လေ့ကျင့်တဲ့ နေရာကို မလိုက်ချင်တာ မဟုတ်ဘူး ကိုကို~~တစ်ခါ လိုက်မိတိုင်း တစ်ခါ ကိုကို့ က ကွက်တွေထဲ Kookie အသက်ပျောက်ရလို့်ပါ..ကိုကိုရယ်****
(18,7 , 11:55PM)