#Zawgyi
Part-27
ထွက်သွားပါ။
ဟင့်အင်း မဟုတ်ဘူး။
အနားနား မလာဘဲနေပါ။
အနား ရောက်လာပြီးမှ
နောက်တစ်ကြိမ်ဆိုတာမျိုး
ထပ်ဖြစ်ခဲ့ရင်
သေချာတယ်
ဒီကောင် သွပ်သွပ်ခါတော့မှာမလို့။~~~~~H.B.B~~~~~
Jimin အခန်းကို ရှင်းနေခဲ့သည်။ ပထမဆုံး ဧည့်ခန်းထဲက ဒီတိုင်း ပစ်တင်ထားသည့် အပေါ်ဝတ်အင်္ကျီတွေ၊ ဂျာကင်တွေကို အဝတ်ခြင်းထဲ ကောက်ထည့်လိုက်သည်။
စားပွဲပေါ်က ရှုပ်ပွနေတဲ့ ဆေးလိပ်ဗူးခွံတွေ၊ ခေါက်ဆွဲဗူး တပိုင်းတစတွေ၊ Beerဗူးခွံတွေကို အမှိုက်ခြင်းထဲ ထည့်လိုက်တော့ တစ်ခြင်းပင် ပြည့်လုနီးပါး။
မျက်နှာကျက်က ကြပ်ခိုးတွေကို တုတ်တစ်ချောင်းနဲ့ ရစ်ကာ ရှင်းလိုက်ပြီး ဧည့်ခန်းလေးက အတော်တော့ရှင်းသွားပြီ။
ပါလာတဲ့ Jiminပစ္စည်းတွေကို အိပ်ခန်းထဲ ပို့ရန်ဝင်လိုက်တော့ ဧည့်ခန်းထက်ကို ပိုအခြေအနေ ဆိုးနေသည့်အခြေအနေက ဆီးကြိုသည်။
အခန်းထောင့်မှာ ထောင်ထားတဲ့ guitar တစ်လက်၊ ကြမ်းပြင်မှာ ပျံ့ကျဲနေသည့် ဆေးလိပ်အောက်ခံတွေ၊ စားပွဲတစ်ခုသာ ရှင်းနေသည်။
အလင်းရောင်ရအောင် လိုက်ကာတွေကို သိမ်းလိုက်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်မှ မှောင်ပိန်းနေတဲ့ အခန်းက လင်းလာတော့သည်။
ရှင်းစရာရှိတာကို မြန်မြန်ရှင်းလိုက်ပြီး လျှော်စရာတွေကို အပေခြင်းထဲသာ ထည့်လိုက်တော့သည်။
အိပ်ယာခင်းကို သေချာ ပြန်ခင်းပေးပြီးနောက် အပြင်ကို ကြည့်လိုက်တော့ မိုးပင်ချုပ်နေခဲ့ပြီ။
ညစာ အတွက် ဘာရှိလဲ မီးဖိုဆီ သွားတော့ မီးဖိုခန်းကတော့ သန့်ရှင်းနေပုံအရ ဘာမှ ချက်မစား ၊လုပ်မစားထားဘူးဆိုတာ သိသာသည်။
"ကျစ် ဒီကောင်လေး ထမင်းကော အချိန်မှန်စားရဲ့လား"
ရေခဲသေတ္တာကို ဖွင့်လိုက်တော့လည်း Beerဘူးတွေသာ ရှိသည်။
အခြား ဘာမှ မရှိ။
အိမ်နားက စတိုးကိုသာ သွားပြီး လိုအပ်တာတွေ ဝင်ဖြည့်ရန် ကြံလိုက်ကာ ထွက်လာလိုက်သည်။