Part-20

5.5K 477 85
                                    

###Zawgyi

Part-20(HBB)

အချစ်...?
စကားလုံးလေးက နှစ်လုံးတည်း။
ဒါပေမယ့် နောက်ဆက်တွဲတွေကတော့
တပုံတပင်ရယ်။
အချစ်ဆိုတဲ့ကောင်ကို
ငါတို့နှစ်ယောက် ဖိတ်ခေါ်ခဲ့ ပြီးပြီမလို့
သူ့ရဲ့ နောက်ဆက်တွဲတွေ အတွက်
ငါတို့ သည်းခံကြရမယ်။
ရှေ့လျှောက် ကြုံလာသမျှ
ကိုယ်တို့ နီးစပ်ကြဖို့ အတွက်
စမ်းသပ်မှုတွေ လို့ပဲ ဖြေသိမ့်ပြီး
မင်း စောင့်နေပေးနိုင်မလား..။

*****Hyung's Bad Bunny*****

~ခိုလှုံရာ မိဘမဲ့ဂေယာ~

ဂေယာကို ရောက်တော့ PaTaeလွှတ်လိုက်တဲ့ ကားလည်း ရောက်လာတာမလို့ Jimin ဂေယာက တာဝန်ရှိသူတွေနဲ့ လှူမယ့် အကြောင်းအရာတွေ ကို ပြောဆိုနေသည်။
ဂေယာလေးက မြို့စွန် လို နေရာမျိုးမှာ တည်ရှိနေတာမလို့ အလှူရှင်တွေ သိပ်မလာကြကြောင်း သိရသည်။ ပြီးတော့ တကယ်ကိုပင် ကလေးတွေအတွက် စားစရိတ် မလုံလောက်။
Kim Soo ဆိုသော အမျိုးသမီးကြီးက သူ့အိမ်ခြံတွေကို ဂေယာဖွင့်ကာ လာရောက် ခိုလှုံ သမျှ ကလေးလေးတွေကို ခေါ်ယူ ပြုစု ပျိုးထောင်ရာ ကနေ..အခုလို ခိုလှုံရာဆိုတဲ့ အမည်ကို ပေးဖြစ်ကြောင်းနဲ့ တခြားသော ဂေယာရဲ့ လုပ်ငန်းဆောင်တာတွေကို လည်း ပြောပြ ကြသည်။

အစကတော့ ရုံးခန်းထဲ သူ ပါ လိုက်လာကာ ပြောသမျှ နားထောင်နေသော Jungkookသည် နည်းနည်းကြာတော့ ဂေယာဝန်း ထဲ ဆော့နေကြသော ကလေးတွေဆီ ရောက်သွားလေသည်။

Jiminလည်း Baby ထွက်သွားတာ သိပေမယ့် မတားဖြစ် ပြီးမှ လိုက်ရှာတော့မည် ဟူ၍ အန်တီကြီးတွေ ပြောပြသမျှ နားထောင်နေလိုက်သည်။

"ကိုကိုKookoo! သားဆီ ကန်ပေး!!!"

လုံးတုံးတုံးနဲ့ အသည်းယားစရာ ကောင်လေးက ဘောလုံးတောင်းလာတာမလို့ Jungkook အသာ လှိမ့်ကန်ပေးလိုက်သည်။

"ကိုကို!!ကိုကို!! မီးမီးကို ပုံဆွဲပေး!!ဆေးရောင်လှလှလေးခြယ်ချင်လို့!"

ဘောလုံးကန်နေရာကနေ ခဏ ထိုင်နားရင်း ကလေးတွေ ဆော့တာကို ကြည့်နေတုန်း ပေါက်စီလေးတွေလို ပါးဖောင်းဖောင်းလေးတွေနဲ့ Jungkookအနား ရောက်လာတဲ့ ဂါဝန်အနီလေးနဲ့ ကလေးမလေး။
ဆံပင်လေးကို လည်း ဂျိုထောင်လေးတွေလို နှစ်ဖက်ခွဲ စည်းထားသေးသည်။
စကားပြောလိုက်တိုငိး ဆံပင်စုလေးတွေက လှုပ်တုပ်လှုပ်တုပ်နဲ့ အတော် ချစ်ဖို့ကောင်းလွန်းသည်။
Jungkook အသည်းယားလွန်းလို့ ဆွဲမချီရင်း ပေါင်ပေါ် ကောက်တင်ထားလိုက်သည်။

Hyung's Bad BunnyTempat cerita menjadi hidup. Temukan sekarang