Part 10(Uni+Zawgyi)

6.6K 592 43
                                    

Part10

####Unicode

ဝ င်္ကပါ တစ်ခု မှာ
ထွက်ပေါက်ကို မရှာနိုင်သရွေ့တော့
လမ်းမှားတွေကြား
ချောင်ပိတ်မိနေအုံးမှာပဲ..
ဒီလိုပဲ..
ကိုကိုဆိုတဲ့ အရာရာမှာ
တွယ်ငြိမိနေသရွေ​့တော့
နှလုံးသားလည်း
ချောင်ပိတ်မိ​ေနအုံးမှာပဲ...။

**************H.B.B**********

ညီ...က ကျွန်တော့်ကို ရှောင်နေတယ်။
တစ်နေ့လုံးနေမှ ညီ့မျက်နှာကို တစ်ခါ တွေ​့ရဖို့ ခဲယဥ်းလာတယ်။
မနက်ဆို အိပ်ယာ​ထ ပျင်းလွန်းတဲ့ ညီက ကျွန်တော် မနိုးခင်ကို အရင်ထ ပြီး ပြင်ဆင်ပြီးနေတတ်တယ်။
ကျွန်တော်နိုးလာတဲ့အချိန်ကျ  ညီက စားသောက်ပြီးစီး လို့ ကျောင်းသွားရန် ပင် ထွက်သွားပြီ။
ကျွန်တော့်ကို မျက်နှာချင်းကို မဆိုင်တော့တာ။
အဲ့လိုပဲ တနေ့ခင်းလုံးကျ ကျောင်းကိုယ်စီနဲ့ မတွေ့ဖြစ်ကြ။
ညကျတော့လည်း ညစာ စားပြီးတာနဲ့ သူ့အခန်းထဲ ဝင်သွားကာ ပြန်ထွက်မလာတော့။
အရင်လို တီဗီ လု ကြည့်တာမျိုး၊ ဂိမ်းဆော့ကြရအောင်ကိုကို ဆိုတာမျိုး ၊ ဒီစာတွေ နားမလည်လို့ ရှင်းပြဆိုတာမျိုး မရှိတော့။
သိသိသာသာ ကို ရှောင်နေတာ စကားပြောဖို့ မပြောနဲ့ မျက်နှာချင်းကို မဆိုင်တော့။
အဲ့လိုမျိုးကြီးကျတော့လည်း ကျွန်တော်စိတ်ထဲ အဆင်မပြေ။ ကျွန်တော်မနေတတ်။
ဒါပေမယ့်လည်း ညီ စိတ်ချမ်းသာသလို နေပါစေလေ။
စည်းဆိုတာမျိုးက တားဖို့သာ လွယ်တာ..စောင့်ထိန်းဖို့ကျ ခက်တဲ့အမျိုး၊ အဲ့တော့ ကိုယ့်ထက် ငယ်တဲ့ ညီ တောင် ​ခက်ခက်ခဲခဲ နဲ့ စောင့်ထိန်းနေတာကို......အကြီးဖြစ်တဲ့ ကျွန်တော်က လည်း အလိုက်သင့် နေလိုက်သင့်တယ် မဟုတ်လား။
စည်းတားသူက ကျွန်တော် ဖြစ်နေပေမယ့်  အဲ့စည်းကို အသေမုန်း မိသူကလည်း ကျွန်တော် ဖြစ်နေပါရက်နဲ့ စည်းကို ဖျက်လိုက်ဖို့တော့ ကျွန်တော် မလုပ်နိုင်သေးပြန်ဘူး...။
ကျေးဇူး ဆိုတာက ပြန်မဆပ်နိုင်သေးရင်တောင် သိတတ်ရမယ်မလား။
ကိုကို ဆိုတဲ့ အလေးအပင် ကြီး မရှိဘဲ ပေါ့ပေါ့​ပါးပါး နေ ပါ...လား..ညီ ရယ်..။
ညီ့ကို ကြည့်ရတာ ပင်ပန်းလိုက်တာ။
ညီတို့အရွယ် ကလေးတွေလိုပဲ ပျော်ပျော်နေလိုက်စမ်းပါ..ကွာ..။
အလေးအပင်တွေကို လွှတ်ချလိုက်စမ်းပါကွာ..။

Hyung's Bad BunnyWhere stories live. Discover now