#Zawgyi
Part19Hbb
ကျွန်တော်သာ ယုန်ဖြူလေး ဆိုရင်
ကိုကို ချစ်လာအောင်
အမွှေးလုံးလုံးကိုယ်လေးနဲ့
ကိုကို့ရင်ခွင်ထဲ ခုန်ဝင်မှာ။
ကိုကို က အလိုက်သင့်လေး
ဖက်တွယ်ထားပေး။ချစ်ဖို့ကောင်းအောင်နေဖို့ ကို
ကျွန်တော်က တာဝန်ယူရင်
ချစ်နေပေးဖို့ကို
ကိုကိုကတာဝန်ယူပေး။ကိုကိုချစ်လာအောင်
ကလေးဆန်ဆန် ပြုမူနေပေမယ့်
ရင့်ကျက်ချင်လာရတာလည်း
ကိုကို့ကြောင့်ပဲ။
မသိဘူး ကျွန်တော်က ကိုကို့အတွက်ပဲ။
ကိုကို့အပိုင်။*****Hyung's Bad Bunny*****
မနေ့က Kookie က Dateလုပ်ချင်တယ် ပြောထားတာကြောင့် ဒီနေ့မနက် Jiminအစော နိုးလာရသည်။
ညာဘက်လက်မောင်းက နာနေတာမလို့ ကြည့်မိတော့ Kookie အိပ်နေတာ ပါးစပ်လေးက ပွင့်ရက်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်လို့။
ဟနေတဲ့ ပါးစပ်လေးထဲ အသည်းယားစွာ လက်ညိုးလေး ထိုးထည့်လိုက်တော့ နိုးမလာ။
တစ်ညလုံး အုံးပြီး အိပ်ထားတာမလို့ လက်မောင်းတစ်ဖက်က ထုံကျင်ကာ နာနေပေမယ့် Kookie မျက်နှာလေး မြင်တာနဲ့ နာနေတာတွေလည်း သတိမရတော့။
"အင်း~~~"
နှာခေါင်းပွလုံးလုံးလေးကို လက်ညိုးလေးနဲ့ ပွတ်ဆွဲ မိတော့ ရှုံ့သွားကာ အသံထွက်လာသည်။ မျက်လုံးက တော့ ပွင့်မလာသေး။
Jiminလက်က အငြိမ်မနေ အသည်းယားနေသမျှ ထိုမျက်နှာ နုနုလေးကို စိတ်ကြိုက် ကလိနေဦးမှာ။
ပါးလေးတွေက အိကျိအိကျိ မုန့်လေးတွေလို ဖျစ်ညှစ် မိရင် မရပ်ချင်တော့ဘူး။
"အင်း!!! လုပ်နဲ့ကွာ!!"
ဖျစ်ညှစ်နေတာ Kookieရဲ့ ညာဘက်ပါးပြင်လေးက နီလာ သည်အထိ ။ တဖြည်းဖြည်း နာလာသည်ထင် သည်။ လက်လေးတစ်ဖက်နဲ့ Jiminလက်တွေကို လာရိုက်ရင်း ပါးစပ်ကပါ အော်လေသည်။
"ထတော့လေ Babyရာ~ ဟင်! "
ဆံပင်တွေ ကို ဆွဲ ဖွရင်း ဖိအိပ်ထားသည့် လက်ကို ခပ်ဖွဖွ ဆွဲ ယူလိုက်တော့။