HBB6
ခြေထောက်က ဒဏ်ရာထက် ရင်ဘတ်ထဲက အနာက ပို အခြေအနေဆိုးသည်။
လုပ်ရက်လိုက်တာ~~ ကိုကို ရက်စက်လိုက်တာ~
အခန်းထဲ ရောက်ရောက်ချင်း လူ က မဟန်နိုင်တော့ ကြမ်းပေါ် ပုံကျကာ ကိုကို့ရှေ့မှာ တင်းထားသမျှ မျက်ရည်တို့ကို လွှတ်ချမိသည်။
ကိုကို ရက်စက်တယ်!! Kookieဘက် ကို တစ်ချက် ထည့်မကြည့်ပေးဘူး~~
တကယ်ဆို ကိုကို မှန်ပါတယ်လေ~~ Kookieရဲ့ အချစ်က မစခင်ကတည်းက ရှုံးနေခဲ့တဲ့ ဟာပဲလေ။
နာကျင်ရမှာကို ကြိုတွေး ထားပေမယ့် တကယ်တမ်း ဖြစ်လာတော့ ခံနိုင်ရည် မရှိဘူး ။
ရူးမတတ် ကို နာကျင်ရတယ် ကိုကို
မွန်းကျပ်တယ်~~~
ပျော်လား~~ ကိုကို ပျော်နေလား~ သူနဲ့ တွဲရလို့ ကိုကို ပျော်နေတယ်မလား~~~
သူမလို ချစ်သူမျိုး ရထားတာ ကိုကို ပျော်တယ်လား။
ဒါဆို..kookieကျတော့ကော ဘာလို့ သူမ လို ပျော်ရွှင်မှုမျိုး မရ ရတာလဲ..ဟင်.ကိုကို!
Kookieက ငယ်ငယ်ကတည်းက ကိုကို နဲ့ အတူရှိခဲ့တာပါ..သူမ ကတော့ ကိုကို ကျောင်းတက် မှ သိခဲ့ရတာမဟုတ်လား။
မတရားလိုက်တာဗျာ! သူမ ကျ ကိုကို့ အချစ်တွေကို ရပြီး Kookieကျ ဥပက္ခာတဲ့လား..။
တားချင်ပေမယ့် kookie ဘာတတ်နိုင်မှာလဲ ကိုကိုရယ်~
အခုချိန် သူမနဲ့ မချစ်ပါနဲ့ Kookieကိုပဲ ချစ်ပေးပါ ဆိုပြီး ငယ်ငယ်ကလို ကိုကို့ ဆီက တခုခု လိုချင်တိုင်း ကိုကို့ နောက်တကောက်ကောက်လိုက် အင်္ကျီစဆွဲလို့ အော် ငို ဂျစ်တိုက်လို့ ရရင် သိပ်ကောင်းမှာ ပဲ ကိုကို~
အခုတော့လဲ kookie ဘာလုပ်ရမှန်း တကယ်ကို မသိတော့ဘူး..ကိုကို..
အချစ်ဆိုတာက ငိုယိုပြီး တောင်းတော့ကော
ပေးချင်စိတ်ရှိမှ ရမယ့်အရာလေ။မွန်းကျပ်လာသော ရင်အစုံကို လက်သီးဆူပ်ဖြင့် သက်သာလိုငြား ထု ရိုက်ရင်း မခံစားနိုင်သည့်အဆုံး ရေချိုးခန်း ထဲ ဝင်ကာ ရေပန်းအောက် ဝင်ထိုင်ရင်း အော်ငို မိလိုက်သည်။