Part-8
ည (၇)နာရီထိုးနေပြီဖြစ်သော်လည်း သားငယ် ပြန်မရောက်သေး။ Hoseokရင်တွေ ပူ လှပြီ။ phဆက်တော့လည်း ဆက်ပိတ်ထားသည်။ လမ်းမှာ တစ်ခုခုများ ဖြစ်နေရင်..ဆက်မတွေးရဲတော့..Hyungတို့ဆီ phဆက်တော့ စိတ်မပူရန်နှင့် သူတို့ အခု ပြန်လာမည်တဲ့..။
Jiminထံ phဆက်ပြောတော့..
Appaစိတ်မပူနဲ့နော် အခုပဲ သူသွားတတ်တဲ့နေရာတွေ လိုက်ရှာလိုက်မယ်ဆိုကာ phချသွားသည်။Appaဆီက phရရချင်း kookieဆီ phဆက်ကြည့်တော့ စက်ပိတ်ထားသည်တဲ့။ ကလေးသူငယ်ချင်းတွေဆီ ဆက်ကြည့်တော့လည်း မကိုင်။
ကျစ်!ဘယ်တွေသွားနေရတာလဲ kookieရယ် ။ဒီရက်ပိုင်း လွှတ်ထားမိတာ မှားသွားပြ်ီလား။ဒီကလေး ဘာတွေ လျှောက်လုပ်နေလဲ မသိဘူး။
မဟုတ်မှ Appaပြောသလို တစ်ခုခုများ.....
မဖြစ်ရဘူး Kookie မင်းဘယ်မှာလဲကွာ..ကိုကို့ရင်တွေပူလှပြီ..ဘာမှ မဖြစ်ပဲ ရှိနေပေးပါ..ကလေးရေ..။အိမ်မှာလည်း Jinရော Namjoonပါ ပြန်ရောက်လာကာစိုးရိမ်တပြင်း သူတို့ပါ ရှာကြသည်။
ရိုက်ကွင်းရောက်နေတဲ့ Taehyungပါ ရောက်ချလာကာ Hoseokနံဘေး သူပါ ငိုမဲ့မဲ့။
Jin ကလေးပျောက်လို့ စိတ်ပူရတာက တမျိုး..ရှေ့က ညီနှစ်ယောက်ကြောင့် ရူးချင်လာတာကတမျိုး။
"Tae ya~~ သားက သားက ပြန်ပေးဆွဲ ခံရတာဆို ဘယ်လိုလုပ်မလဲ.."
"လမ်းမှာ တစ်ခုခု ဖြစ်ပြီး တာဝန်မဲ့တဲ့ သူတွေက ထားသွားပြီး လူမသိသူမသိ လဲ နေရင်ကော..ဘယ်လိုလုပ်ကြမလဲ Hyung!!!ကျွန်တော်တို့ ကလေးကို..ဟင့်."
ပြောရင်း နှစ်ယောက်သား ငိုတော့မယောင် ပင် မျက်နှာလေးတွေ အိုလာကြသည်။
"Yarrrr!!!မင်းတို့နှစ်ကောင် မဟုတ်တာတွေ တော်စမ်း!!"
Jinထအော်မှ အသံတွေ တိတ်ကုန်ကြသည်။ ဟုတ်တယ်! ကလေးက ရှာလို့မတွေ့ပါဘူးဆို သူတို့က မဟုတ်တဲ့ အဆိုးဘက်က တွေးတောကာ ပူပင်နေကြသည်။
Joonနဲ့ Jiminက အပြင်ထွက်ကာ ရှာနေကြသည်။ Jinတို့က ကလေး အိမ်ပြန်ရောက်လာငြား အိမ်ကနေသာ ထိုင်စောင့်နေကြတာ ဖြစ်သည်။
ထိုစဉ် ပြန်မရောက်သေးတဲ့ Yoongiဆီမှ phဝင်လာသည်။
"အေး!Yoongi..မင်း phဆက်တာနဲ့ အတော်ပဲ အိမ်မှာ
ပြဿ နာတတ်နေတယ် မင်း ပြန်လာလို့ရရင် ပြန်လာခဲ့"