Zawgyi
Part-22
ကျန်ရစ်နေရမယ့် သင်ခန်းစာပို့ချတုန်းက
ခင်များ မျက်နှာပဲ ငေးနေခဲ့တော့
လျပ်တပြတ် လှည့်မေးသွားတဲ့
မေ့ပစ်ခြင်းပုံသေနည်းကို ကျနော် မဖြေရှင်းနိုင်ခဲ့ဘူး။ခင်များ မရှိတဲ့ တိုက်ခန်းငယ်မှာ အထီးကျန် ခြင်းတွေရယ်၊
အသုံးမကျတဲ့ ကျနော့်ရဲ့ လွမ်းခြင်းတွေရယ်။
~~~~Bunny~~~~ခင်များ ထွက်သွားပြီး တစ်နှစ်လောက်ကို ပြန်စဉ်းစားရင် ကျနော်ကအရူးလိုပဲ။
"ကျနော် အမှားလုပ်မိခဲ့လို့ လား။ခင်များမကြိုက်တာ ကျနော်လုပ်မိလို့များ .."
ကျနော်ကို စိတ်ဆိုးသွားတယ်လို့ ကျနော် ထင်နေခဲ့တာ။
Appaတို့ လည်း ကျနော့်ကြောင့် စိတ်မချမ်းသာရဘူး။ ကျနော့်ရဲ့ ပုံစံက သူတို့ကို ထိတ်လန့်စေတယ်တဲ့လေ။
စကားတွေ မပြောချင်ဘူး။
စကားသံတွေက ဆူညံ လွန်းတယ်။မကြားချင်ဘူး။
ကျနော် ဘာမှ မသိတော့ဘူး။
ဘာတွေလုပ်နေခဲ့မှန်း မသိသလို၊ ကျနော် ဘာဖြစ်နေမှန်းလည်း ကိုယ်တိုင်မသိဘူး။တစ်ခါတလေမှာ ကျနော် အထိုးခံရတယ်။
အသားနာသွားလို့ သတိလေးဝင်လာရင် ကျနော်က အိမ်မှာ မဟုတ်ဘူး။တစ်ခါတလေ သံတိုင် တွေ ရဲ့ ကြားမှာ အိပ်နေခဲ့ပြီး Appaအသံ ကြားမှ ငိုသံ ဆူသံတွေကြား ကျနော် အိမ်ပြန်ရောက်တယ်။
တစ်ခါက ဆို အတော်ကို ပဲ စုတ်ပြတ်နေအောင် အထိုးခံလိုက်ရတာ၊ ဘဝမှာပထမဆုံးDaddyထိုးတာ ခံဖူးတာပဲ။
ဘာမှလည်း မလုပ်မိပါဘူး။ ဆေးထိုးအပ်လေး ကို လက်က အကြောလေးထဲ သွင်းခဲ့ရုံလေး။
ခင်များတို့သိလား လွတ်လပ်သွားတယ်။ မွန်းကြပ်တာတွေ ဘာတွေ မရှိတော့ဘူး တိမ်တွေလို ပေါ့ပါးနေတယ် ကိုကိုက ပြုံးနေတယ် ကျနော့်လက်ကို ခပ်တင်းတင်း ဆွဲ ထားပြီး သူ ပြုံးနေတာ။
ကျနော် ပျော်တယ်။ အကြောထဲ ပိုရောက်လေ ပိုခံစားလို့ကောင်းတယ်တဲ့။
ထပ်သွင်းဖို့ ပြင်နေတုန်းမှာ မျက်နှာတခြမ်းလည်ထွက်သွားသလို အင်္ကျီစကနေ ဆွဲမလည်း ခံလိုက်ရတယ်။
တစ်လုံးပြီး တလုံး ပစ်ဝင်လာတဲ့ လက်သီးတွေကြား ကျနော် ရယ်နေခဲ့တယ်။
အဲ့နောက်တော့ ဆေးရုံခန်းလေးတစ်ခုထဲ မှာ ကျနော် နေရတယ်။
အရူးလိုပဲ ဆေးတွေ တောင်းနေခဲ့တယ်။
ခင်များမျက်နှာလေးမြင်ရဖို့ ကျနော် အဲ့ဒါတွေရှိမှ ဖြစ်မှာ။