#ZawgyiPart-26
မျှော်လင့်တကြီး
စောင့်ခဲ့ရတဲ့ အရာတစ်ခုက
တကယ်တမ်း ရောက်လာတော့လည်း
ထင်သလိုတော့ စိတ်ပေါ့ပါးမသွားဘူး။
တစ်ခုခု လိုနေသလို၊
တစ်ခုခုကပဲ ပိတ်ဆို့နေသလို
အမည်တပ်မရတဲ့ ခံစားမှုကြီးနဲ့။~~~~~H.B.B~~~~~
ကြားရသမျှ သတင်းတို့က အကောင်းမရှိ။
ဘာလို့ တိုက်ခန်းမှာ နေလဲ လို့ Appaတို့ကို မေးမိကာမှ ကောင်ဆိုးလေးရဲ့ အဆိုးအသွမ်း ဇာတ်ကို အပြည့်စုံ နားထောင်လိုက်ရသည်။Pajinကနေ PaTaeအဆုံး အခုမှ ပြောရမယ့်သူ တွေ့သလို လာတိုင်ကြသည်မှာ အတော်ကို စုံလှသည်။
ဘာတဲ့ စိတ်နာနေသည်တဲ့။ Appa နေမကောင်းလို့ မနက်က တစ်ကြိမ်က ပထမဆုံး အိမ်ပြန်လာခြင်းတဲ့။
PaTaeက လွဲ ဘယ်သူ့မှ စကားမပြောဘူးတဲ့။
သူ့ကို တွေ့တော့လည်း မနက်က ကြည့်သွားသော မျက်ဝန်းတွေက သူစိမ်းဆန်လွန်းလှသည်။
တစ်ယောက်တည်း ထားလို့တော့ မဖြစ်ပေ။
Daddyတို့ကလည်း ဒီဟာလေးကို မနိုင်လို့လွှတ်ပေးထားသည်တဲ့။ဤသို့ဖြင့် ဟိုးတစ်ချိန်က Jiminနေခဲ့ရာ တိုက်ခန်းဆီကို ဦးတည်ထွက်လာခဲ့လိုက်သည်။
အဆိုးလေးက တိုက်ခန်းကိုပင် PaTaeကို ဝယ်ခိုင်းထားကာ အပိုင်စီးထားသည်တဲ့။
အရင်အတိုင်း ရင်းနှီးနေခဲ့သော လျှောက်လမ်း ကို ဖြတ်ခဲ့ပြီးနောက် အစွန်ဆုံးလေးမှာ ရှိနေသော အခန်းတစ်ခုရှေ့ ရပ်နေမိသည်။
တံခါးခေါက်ဖို့ ကြံလိုက်ပေမယ့်
မဟုတ်မှ ဆိုသော အတွေးက passward ရိုက်ထည့်ကြည့်မိသည်။အရင်အတိုင်း သူထားခဲ့သည့် passwardကိုသာ ထားထားသေးသည်။
ချောက်ခနဲ ပွင့်သွားခဲ့တာမို့ Jimin အံ့သြ သွားရသော်လည်း တစ်ဆက်တည်းမှာပဲ အတိတ်က အဖြစ်တွေက အနှေးပြကွက်နှယ် အစီအရီပေါ်လာပြန်သည်။ဒီလျှောက်လမ်းကို ဒေါသတကြီး ဖြတ်သန်းခဲ့ပုံတွေ ၊စတိုးဆိုင်က အမ နဲ့ စကားပြောနေ၍ စိတ်ဆိုးခဲ့ရသညိ။
ပြီးတော့မှ ကိုယ်ဝန်သည် ဖြစ်နေတော့ အပြောင်ခံရသည်မှာ တကယ် ရှက်စဖွယ်။