"ချင်စု....မင်းနဲ့ ချင်စုက မောင်နှမတွေ "
နှဖူးတည့်တည့်ကို မိုးကြိုးဆောင့်ပစ်လိုက်သလို ခံစားချက်...တစ်ကိုယ်လုံးက သွေးတွေဟာ ရေဆူမှတ်ကိုရောက်လာသလိုပင်...
အပြင်ဘက်မှ မိုးကြိုး ပစ်သံနှင့် မိုးရေစက်သံတွေသည် နားထဲ၌ တော်လဲသံပမာ မြည်ဟီးနေသည်။
တင်္ဂတဆိတ်ငြိမ်နေရာမှ မိမိရှေ့တွင် ယိုင်နဲ့စွာ ထိုင်နေသော ချင်ကတော်အား ကျင်းကွမ်ယောင်သည် အပြုံးတစ်ပွင့်ဖြင့် ဆိုပါလေ၏။
"ကျွန်တော် အားလုံး အဆင်ပြေအောင် လုပ်ပေးပါ့မယ် "
>>>>>>>>>>>>>>>>>>>>
ကျင်းဂိုဏ်း၏ ဧည့်ခန်းမဆောင်တွင်ဖြစ်သည်။
လန်ရှီးချန်သည် တစ်မနက်လုံး အလွဲလွဲအမှားမှား ဖြစ်နေသော ကျင်းကွမ်ယောင်အား သတိထားမိနေ၏။
ယခုလည်း ငှဲ့လက်စ ရေနွေးကြမ်းခွက်ထဲ မှ ရေနွေးသည် ပြည့်ရုံမက အပြင်ဘက်သို့ လျှံကျနေပြီဖြစ်သည်။
"အားယောင်...သတိထား.."
အငွေ့ထောင်းထောင်းထနေသော ရေနွေးပူတို့သည် စားပွဲခုံမှ တစ်ဆင့် ကျင်းကွမ်ယောင်၏ ဝတ်ရုံလက်ဖျားနှင့် လက်တို့ကို စိုလေသည်။
"အာ့..."
ပူထူသွားသော ညာဖက်လက်ကိုကိုင်ကာ ကျင်းကွမ်ယောင် ညည်းမိသည်။
တိုတောင်းလှသော အချိန်အတွင်းတွင် လန်ရှီးချန်သည် ဆေးသေတ္တာကို မည်သို့မည်ပုံသွားယူလိုက်သည်မသိ ကျင်းကွမ်ယောင်၏ အသိစိတ်တို့ စုစည်းမိချိန်တွင် အပူလောင်သွားသောလက်ပေါ်တွင် ဇယ်ဝူကျွင်း၏ သေသပ်စွာစည်းနှောင် ထားသော ပတ်တီးက အခန့်သားနေရာယူလျက်သားရှိနေသည်။
"နာနေသေးလား အားယောင်.."
တည်ကြည်လှစွာသော ဇယ်ဝူကျွင်း၏ မျက်နှာထက်တွင် စိုးရိမ်မှုအရိပ်အယောင်တို့ သန်းနေသည်။
"ဓားကိုင်လာတဲ့လက်ပဲ ဒီလောက်ကတော့ မပြောပလောက်ပါဘူး အာ့ကောရဲ့ "
ပါးချိုင့်နက်နက်လေးနှစ်ခု ပေါ်အောင်ပြုံး၍ ပြောနေသော်လည်း ထိုကလေး၏ အပြုံးတို့သည် အသက်မဝင်လှသည် လန်ရှီးချန်ရိပ်မိပါ၏။
YOU ARE READING
Intentionally
Short Story"ချင်စု....မင်းနဲ့ ချင်စုက မောင်နှမတွေ.. " " ဘာလို့လဲ....ဘာလို့ လူတွေ အများကြီးရှိတဲ့ထဲမှာမှ ကျွန်တော့ကို လာပြောနေရတာလဲ....ကျွန်တော့်ကို လာပြောနေတော့ရော ကျွန်တော်က ဘာများတတ်နိုင်မှာမလို့လဲ " "လျန်ဖုန်ဇွင်းကို ကျွန်တော့် ကျင့်ကြံဖော်အဖြစ် ရည်ရွယ်ပါတယ...