2(unicode)

171 21 0
                                    

ကျင်းလင်းထိုင်၏ အစည်းအဝေးခန်းမထဲတွင် ဂိုဏ်းအသီးသီးမှ ဧည့်ပရိသတ်တို့နှင့် ပြည့်နေလေသည်။

ဒီနေ့သည် လန်လင်ကျင်း နှင့် ယွဲ့လင်ချင်၏ ပေါင်းစည်းခြင်း.....
တစ်နည်း ကျင်းဂိုဏ်းချုပ်၏ သား ကျင်းကွမ်ယောင်နှင့် ချင်ဂိုဏ်းချုပ်၏ သမီး ချင်စု၏ စေ့စပ်ပွဲ....

" ကျင်းဂိုဏ်းနဲ့ ချင်ဂိုဏ်းဆိုတာလည်း ဟိုးအရင်ကတည်းက အချင်းချင်း အမှီသဟဲပြုလာတာပါပဲ ခုလို အချင်းချင်း ခမည်းခမက် ဖြစ်ဖို့ အကြောင်းဖန်လာတာ ဘယ်လောက်တောင် မင်္ဂလာရှိလိုက်သလဲ "

" ခုလို ကျင်းဂိုဏ်းနဲ့ ခမည်းခမက်ဖြစ်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်ဝံ့ခဲ့ပါဘူး လိုအပ်ချက်တွေ ရှိနေသေးတဲ့ ကျွန်တော့ သမီးလေးကို သင်ပြပေးပါဦး "

"နှိမ့်ချလွန်းနေပါပြီ ချင်ဂိုဏ်းချုပ်ရယ်...."

ကျင်းကွမ်ရှန်သည် စေ့စပ်ပွဲတွင် ရွှန်းရွှန်းဝေအောင် ဧည့်ခံနေသည်။
ရှိသမျှ ဂိုဏ်းတိုင်းကလည်း ကျင်းဂိုဏ်းလို ငွေကြေးကြွယ်ဝတဲ့ ဂိုဏ်းမျိုးနဲ့ လက်ထပ်ပွဲမျိုးကို စိတ်ကူးယဉ်ကြသည်ချည်းသာ...
ထိုအထဲတွင်မှ ချင်ဂိုဏ်းသည် ကျင်းကွမ်ယောင်ကို သားမက်တော်ရသည်ကား အရှုံးမရှိ...

"ဟုတ်ကဲ့..... ဒီနေ့ ကျင်းပတဲ့ လျန်ဖုန်ဇွင်း ကျင်းကွမ်ယောင်နဲ့ ချင်စုရဲ့ စေ့စပ်ပွဲကို ကန့်ကွက်မယ့်သူရှိပါသလား...."

"..."

"အားလုံး လက်ခံတယ်ဆိုရင် စေ့စပ်ပွဲအထမြောက်ကြောင်းကို ကြေငြာမှာ ဖြစ်ပါတယ်။"

" နေဦး..."

ပွဲရှိလူတိုင်း၏ အာရုံသည် ကျောက်စိမ်းအသရေအဆင်းနဲ့ တင့်တယ်စွာဆိုလာသူဆီသို့ ရောက်သွား၏။

"ဇယ်ဝူကျွင်း ဘာများ ပြောစရာရှိလို့လည်း မသိဘူး "

ပလ္လင်ထက်မှာ ထိုင်နေသည့် ကျင်းကွမ်ရှန်ကလည်း သိလိုစိတ်ပြင်းပြစွာ စကားထောက်သည်။

"ကျွန်တော် ဒီစေ့စပ်ပွဲကို ကန့်ကွက်တယ် "

ခန်းမဆောင်သည် ပွဲလာပရိတ်သတ်၏ တ်ီးတိုးသဖန်းပိုး ပြောဆိုသံတို့ဖြင့် ဆူညံသွားသည်။

ကမ္ဘာပြိုတောင် မတုန်လှုပ်သော ကျောက်စိမ်းရုပ်ထု ဟန်ကွမ်ကျွင်းပင်လျှင် မျက်ခုံးနှစ်ဖက် ပင့်ကာ သောက်လက်စ ရေနွေးခွက်ကို ပြန်ချရင်း အကိုဖြစ်သူအား နားမလည်နိုင်စွာငေးကြည့်၏။

"ဇယ်ဝူကျွင်းက ဘာအကြောင်းပြချက်နဲ့များ ဒီစေ့စပ်ပွဲကို ကန့်ကွက်ရတာပါလဲ?
တကယ် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရင် ကျွန်တော်တို့ စေ့စပ်ပွဲကို ပြန်ပြင်ဆင်မှာပါ..."

ကျင့်ကြံခြင်းလောကရဲ့ နံပါတ် ၁ သခင်လေး လန်ရှီးချန်သည် ဒီလိုစကားကို လွယ်လွယ်နှင့်ပြောမည်မဟုတ်။ ကျင်းကွမ်ရှန်သည်ပင် ကူးစူးလန်လို ဂိုဏ်းမျိုးနှင့် အတိုက်အခံဖြစ်မည့် ကိစ္စမျိုးကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိပေ။

" ဇယ်ဝူကျွင်း ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ် "

ခုဏလေးတင် ဆူညံနေသော လူအုပ်သည် မီးခဲရေထိသကဲ့သို့ ငြိမ်ကျသွားရင် အဖြေကို နားစွင့်နေကြသည်။

ဖြေကြားမည့်သူ ကျောက်စိမ်းကိုယ်တော်မှာ ချထားသည့် မျက်လွှာကို ညှင်သာစွာ ဖွင့်၍ စင်မြင့်ပေါ်တွင် ဒူးတုပ်ထိုင်လျက်ရှိသော ရွှေအဆင်းလူသားအားကြည့်ကာ နှုတ်မှ တစ်ခွန်းခြင်း ဖွင့်ဟ ဆိုလာ၏။

"လျန်ဖုန်ဇွင်းကို ကျွန်တော့် ကျင့်ကြံဖော်အဖြစ် ရည်ရွယ်ပါတယ်"

#TBC

IntentionallyWhere stories live. Discover now