5

262 28 2
                                    

လန်ချီရန်သည် မိမိရှေ့က တူဖြစ်သူအား ဆူရမလား နှင်ထုတ်ရမလား ဝေခွဲရခက်စွာ ကြည့်နေသည်။

လန်ရှီးချန်သည် ဦးရီးတော်ရှိရာ စာကြည့်ဆောင်ရှေ့တွင် ဒူးထောက်နေသည်မှာ နေ့တစ်ပိုင်းကျိုးပြီဖြစ်သည်။
လန်ချီရန်ကိုယ်တိုင်လည်း ခေါင်းတခါခါ သက်ပြင်းတချချနှင့် တူတော်မောင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

"ရှီးချန် ဒီလို ကျင့်ကြံဖော်ကို ရွေးချယ်တဲ့ ကိစ္စမှာ မင်းသဘောကို မစွက်ဖက်လိုပါဘူး ဒါပေမယ့် ဆရာဦးလေး တစ်ယောက်လို့ ငါ့ကို သဘောထားရင် ကြိုတင် တိုင်ပင်သင့်တယ်မဟုတ်ဘူးလား။ "

"ရှီးချန် ပေါ့လျော့မိပါတယ် ဦးရီးတော် "

လန်ချီရန်သည် မုတ်ဆိတ်မွှေးကို ပွတ်ဆွဲရင်း ဆက်လက်ဆိုပါ၏။

" အင်း....မင်းတို့ အဖေလည်း ညဥ့်ဘက်တောလိုက်ထွက်ရင်း မင်းအမေကို တွေ့ပြီး ဆိုင်းမဆင့်ဘုံမဆင့် ခေါ်လာခဲ့တာ....မင်းတို့လို အရွယ်တုန်းကပေါ့..."

.
.
.

"လန်ကျန့်!!! ငါလေးမောလို့ သေရပါတော့မယ်...
မင်းဘာလို့ ဒီလောက်မြန်မြန်ကြီး သွားနေရတာလဲလို့...
ဒီက ဝေ့ရင်းလေးကို မသနားရင်တောင် တောင်ပေါ်က အကြာကြီး လှုပ်လှုပ်ရှားရှားမလုပ်ဘဲနေခဲ့ရတဲ့ ငါ့ခြေထောက်လေးတွေကို သနားသင့်ပါတယ် လန်သခင်လေးရေ.."

သြဝါဒခြွေလို့ မဆုံးခင်ကြားလိုက်ရသော ထို အသံကြောင့် လန်ချီရန်သည် နားထင်ကြောများပင် ထောင်တက်လာလေသည်။

စာကြည်ဆောင်ရှေ့မှအဖြတ် ဦးရီးတော်၏ အကြည့်စူးစူးများသည် လန်ဝမ်ကျိ၏ ဝီရိယလွန်ကဲသော ခြေလှမ်းများကို အရှိန်သတ်စေ၏။

"ဝေ့ရင်း ငြိမ်းဆောင်မှာ စောင့်နေ....."

လန်ဝမ်ကျိသည် ချီထားသော အားယွမ်ကို ဝေ့ဝူရှန်းလက်ထဲ လွှဲပေးကာ လန်ရှီးချန် ဒူးထောက်နေသည်ဘေးတွင်ဝင် ၍ ဒူးထောက်လေ၏။

ဝေ့ဝူရှန်းသည် လန်ချီရန်အားမြင်သည်နှင့် အပိုးကျိုးစွာပင် နှုတ်ရှိန်ရော ကိုယ်ရှိန်ပါသတ်ပြီး အားယွမ်ကိုချီကာ ငြိမ်းဆောင်သို့ မနှေးမမြန် အနေတော်ခြေလှမ်းကို မနည်းချိန်ဆ လှမ်းတော့သည်။

IntentionallyWhere stories live. Discover now