7(unicode)

179 17 0
                                    

ဖယောင်းတိုင်မီး၏ မှိန်ပျပျ အလင်းရောင်သည် ကျင်းကွမ်ယောင် မျက်နှာ၌ ထင်ဟပ်နေသည်။

ဗျတ်စောင်း၏ သံစဉ်က အခန်းအတွင်း လွင့်ပျံ့နေ၏။
လန်ရှီးချန်၏ အချိုးအဆစ်ကျနလှသော လက်ချောင်းသွယ်သွယ်တို့သည် ဗျတ်စောင်း၏ ကြိုးမျှင်များကြားတွင် ကူးလာဖြတ်သန်းနေရင်း ဆွတ်ပျံ့ဖွယ် ဂီတကိုဖော်ကျူးနေသည်။

တစ်နေကုန် ရှည်လျားလှသော ဧည့်ခံပွဲကြောင့် ပင်ပန်းသည်မို့ ကျင်းကွမ်ယောင်၏ မျက်ခွံများလေးလာသည်။
စောင်းသံကိုလည်း မကြားတစ်ချက် ကြားတစ်ချက်ပင်။

လန်ရှီးချန်သည် တီးလက်စ သံစဉ်ကို ရပ်ကာ စားပွဲပေါ်တွင် မေးထောက်၍ ငိုက်နေသော ကျင်းကွမ်ယောင်၏ ဦးထုပ်ကို ချွတ်ပေးသည်။
ဦးထုပ်မပါသော ကျင်းကွမ်ယောင်သည် တကယ့် သေးသေးကွေးကွေးလေး ဖြစ်သည်။

လန်ရှီးချန်သည် ကျင်းကွမ်ယောင်၏ နဖူးပြေပြေပေါ်မှ အနီစက်လေးကို လက်ဖြင့် ခပ်ဖွဖွတောက်လိုက်၏။

"အာ့ကော........ "

နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် ကျင်းကွမ်ယောင်သည် သံရှည်စွဲကာ ဂျီတိုက်ချင်သည့်ပုံပင်။

"ငိုက်မနေနဲ့တော့ အားယောင် အိပ်ချိန်ရောက်ပြီ...."

"အာ့ကော....အိပ်တော့မှာလား ကျွန်တော် အိပ်ရာ ပြင်ပေးမယ်လေ...."

အိပ်ရာပြင်ပေးဖို့ အိပ်ခန်းထဲ ဝင်သွားသော်လည်း အဆင်သင့်ပြင်ပေးထားတဲ့ အိပ်ခန်းကြောင့် ကျင်းကွမ်ယောင်၏ ငိုက်လက်စ မျက်လုံးတို့ကို ကျယ်စေသည်။

ခြင်ထောင်ဇာပါးပါး
နှစ်ယောက်အိပ် ကုတင်ပေါ်မှ ပန်းမျုား
ရေမွှေးဖယောင်တိုင်များနှင့်
အနီရောင် အခင်းအကျင်းအပြင် အဆင်များသည် ကျင်းကွမ်ယောင်အား ရှက်သွေးဖြာစေ၏။

လန်ရှီးချန်သည် ဘာမှ မထူးခြားသလိုပင် အိပ်ခန်းထဲဝင်ကာ အပေါ်ထပ် အကျႌ ကိုပင် ချွတ်ပြီးပြီ။

" အဲ့မှာ ဘာရပ်လုပ်နေတာလဲ အားယောင်..."

ကျင်းကွမ်ယောင်သည်လည်း အပေါ်ထပ်ဝတ်စုံကို ချွတ်ပြီး ကုတင်ပေါ်တွင် နေရခက်စွာ ထိုင်နေသည်။

IntentionallyWhere stories live. Discover now