3(unicode)

159 20 5
                                    

"အဲ့တော့ ဒီနေ့ စေ့စပ်ပွဲက ပျက်တာလား မပျက်တာလား? "

"ကျင်းကွမ်ရှန်က ပြန်စဉ်းစားမယ်ဆိုတာ ဘာသဘောလဲ? "

"အသိသာကြီးပဲ ကျင်းဂိုဏ်းချုပ်လို အကျိုးအမြတ်တွက်တတ်တဲ့သူက ဘာမဟုတ်တဲ့ ယွဲ့လင်ချင် လို ပါချီပါချက် ဂိုဏ်းလေးနဲ့ ဂုဏ်အရှိန်အဝါကြီးတဲ့ ကူစူးလန်လိုဂိုဏ်းနဲ့ ဘယ်ဘက်ကို အလေးသာမယ်ဆိုတာ ချိန်ခွင်ပေါ်တင်ပြီး ချိန်ထိုးပြနေစရာတောင် မလိုဘူး...
ပြီးတော့ တစ်ဖက်လူက လန်ဂိုဏ်းချုပ် ဇယ်ဝူကျွင်း ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ် သခင်လေး ဂုဏ်ပုဒ်တွေ တန်းစီနေတာ အပြစ်ဆိုစရာ ဆိုတာ အပ်တစ်ဖျားတောင်ရှိတာမဟုတ်ဘူး..."

" ကျင်းကွမ်ရှန်လို ခေါင်းပြေးတဲ့သူက ဘယ်ဘက်ကို ရွေးရမယ်ဆိုတာ ပေသီးခေါက်ပြီး တွက်နေရဦးမှာလား..အလိုလိုသိပြီးသား....ကျင်းဂိုဏ်းချုပ်တို့ ကံကောင်းပုံများ တရားဝင် သမီးမရှိဘဲနဲ့တောင် မနေ့တစ်နေ့ကမှ လန်လင်ကျင်းကို ရောက်လာတဲ့ သားကျေးဇူးနဲ့ ဇယ်ဝူကျွင်းလိုလူမျိုးကို သားမက်ဖမ်းနိုင်တယ်...."

"အခုတွေးကြည့်မှ ကျင်းကွမ်ယောင်က အမေတူသားပဲ....ဇယ်ဝူကျွင်းကို ဘယ်လို နည်းတွေနဲ့များ ဖြားယောင်းလိုက်လဲမှ မသိတာ..."

လန်လင်ကျင်းရဲ့ အပြန်လမ်းတစ်လျှောက် ဂိုဏ်းအသီးသီးမှ ဧည့်သည်များ၏ ဝေဖန်သံများက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပျံလွင့်နေသည်။

>>>>>>>>>>>>>>>>>>>>>>>

မကြာသေးသော အချိန်က ဆူညံနေသည့် စေ့စပ်ပွဲ အခန်းအနားတွင် ကျင်းကွမ်ရှန်နှင့် ကျင်းကွမ်ယောင် သာကျန်ရှိတော့၏။

"အားယောင်.....ဒီ ကိစ္စကို မင်းဘယ်လို သဘောရလဲ? "

ကျင်းကွမ်ယောင် အတွက် အဖြေမရှိ မနေ့ကအထိ သူနှင့် သာမန်သွေးသောက်ညီအကို ဆက်ဆံရေးဖြင့်သာ ဆက်ဆံခဲ့သော အာ့ကောသည် ဒီနေ့မှ ဗြုန်းစားကြီး ကျင့်ကြံဖော်အဖြစ် ရည်ရွယ်သည်ဟု လူအများကြားထုတ်ပြောလာသည်။
ဒီတစ်ပတ်လုံးလုံး ချင်ကတော်၏ စကားများကြောင့် စိတ်ထဲတုန်လှုပ်နေသည်က ဒီစေ့စပ်ပွဲတစ်ပွဲလုံး ဘာတွေဖြစ်သွားလို့ ဖြစ်သွားမှန်းတောင် သတိမထားမိပေ။

"အားယောင်! "

"ဟုတ်....ဟုတ်ကဲ့ အဖေ "

"ဇယ်ဝူကျွင်းပြောတဲ့ ကိစ္စကို ဘယ်လိုသဘောရသလဲလို့ မေးနေတယ်လေ "

" ဒါပေမယ့် ချင်ဂိုဏ်းနဲ့က မင်္ဂလာရက် အထိ သတ်မှတ်ပြီးသားဖြစ်နေ....."

"ရတယ် ချင်ဂိုဏ်းချုပ်ကို ငါသေချာဖြောင်းဖျလိုက်မှာမလို့ မင်းသာ ကူစူးကို လိုက်သွားဖို့ပြင်ဆင်...."

>>>>>>>>>>>>>>>>>>>>>>>

လန်ဝမ်ကျိသည် အကိုဖြစ်သူ၏ အခန်းထဲသို့ ပွဲပြီးပြီးချင်းပင် ရောက်ချလာ၏။
မေးစရာမေးခွန်းတွေရှိနေသည့်တိုင် နှုတ်က တစ်ခွန်းမှ ဖွင့်ဆိုခြင်းမရှိသေးပေ....

"ဝမ်ကျိ...ရော့ ရေနွေးသောက်လိုက်ဦး "

လန်ရှ်ီးချန်သည် ရေနွေးခွက်ကို ညီဖြစ်သူအား ငှဲ့ပေး၏။

လန်ဝမ်ကျိသည် ရေနွေးကို တစ်ကျိုက်သောက်ရင်း အကိုဖြစ်သူအား စူးစိုက်ကြည့်၏။
ထို့အကြည့်အား လန်ရှီးချန် အနက်ပြန်တော့
'ပြောစရာရှိတာမြန်မြန်ပြော မစောင့်နိုင်တော့ဘူး ' ဟူသောအဓိပ္ပါယ်ပင်။

" ဝမ်ကျိ့ တစ်ခါက အကိုကိုပြောဖူးတယ် မှတ်မိလား ကူစူးကို လူတစ်ယောက် ခေါ်လာချင်တယ်....ပြီးတော့ ဖွက်ထားချင်တယ် ဆိုပြီးတော့ ...."

"အင်း..."

"အားယောင်က အကို ကူစူးကို ခေါ်ပြီးဖွက်ထားချင်တဲ့ သူမျိုးပဲ ဝမ်ကျိ...."

"...."

"သူ့ကို အခြားသူတွေက မမြင်အောင် ဖွက်ထားချင်တာထက်.....
သူများတွေ သူ့ကိုကြည့်တဲ့အကြည့်တွေကို မမြင်စေချင်တာ....
သူ့ကိုပြောတဲ့ စကားသံတွေကို မကြားစေချင်တာ...
အကိုက သူ့အတွက် ကမ္ဘာသက်သက် ဖန်တီးပေးချင်တာ...."

"ဝမ်ကျိ သွားလိုက်ပါဦးမယ် "

လန်ရှီးရှန်၏ စကားပင်မဆုံးသေး လန်ဝမ်ကျိသည် ပိချန်ကို ကောက်ကိုင်ကာ အရိုအသေပေး၏။

"ဘယ်သွားမလို့လဲ..... ဝမ်ကျိ "

"ရီလင်းသချၤ ိုင်းတောင် "

"ဟိုနေ့ကမှ သွားပြီး ပြန်လာတာမလား "

"ဝေ့ရင်းကိုသွားခေါ်မယ် "

#TBC

IntentionallyWhere stories live. Discover now