6(unicode)

165 18 1
                                    

' ဘိုးဘွားကန်တော့တာကလည်း ကြာလိုက်တာ '

'မင်္ဂလာဆောင်ဖြစ်ပြီး ဘာလို့ အရက်ပုလင်းလေးတောင် မရှိရတာလဲမသိဘူး...'

'ဘုရားရေ....ငါတော့ ပျင်းသေတော့မှာပဲ...'

သူများတကာ မင်္ဂလာဆောင် လာပြီး ဂဏာမငြိမ် မြည်တွန်ရေရွတ်နေသော ညီဖြစ်သူအား နျဲ့မင်ကြွယ် ပါရှားဓားရိုးနဲ့သာ ပိတ်ထုချင်စိတ်ပေါက်မိသည်။

"ဟွိုက်စန်း...ဂဏာငြိမ်ငြိမ်နေမလား မင်းခြေထောက်ကို ရိုက်ချိုးရမလား..."

နျဲ့ဟွိုက်စန်းသည် ဤပျင်းရိဖွယ် မင်္ဂလာဆောင်ကြီးမှ ထွက်ပြေးချင်စိတ်ပေါက်နေ၏။
ကူစူးမှ ဧည့်ခံသည့် စားစရာများသည် တစ်ခုမှ ခံတွင်းမတွေ့..
ဧည့်ခံဖျော်ဖြေရေးဆိုသည်မှာလည်း နတ္ထိ..
အာ့ကောနဲ့ စမ်းကောသာ လန်လင်ကျင်းမှာ မင်္ဂလာဆောင်ရင် ယခုချိန်လောက်ဆို လှပျိုဖြူများ၏ အကအလှလေးများလောက်ကတော့ တွေ့မြင်နိုင်သေးသည်။

"နျဲ့ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်..."

"ကျန်းဂိုဏ်းချုပ်တောင် ရောက်လာပြီကိုး... ထိုင်ပါ ..."

ကျန်းဝမ်ရင်သည် စီစဉ်ပေးထားသော နေရာတွင် ဝင်ထိုင်၏။
နျဲ့ဂိုဏ်း နှင့် ကျန်းဂိုဏ်းကို ဘေးချင်းကပ်ရပ် နေရာချထားသဖြင့် သူသည် နျဲ့မင်ကြွယ်ဘေး နျဲ့ဟွိုက်စန်း၏ မျက်စောင်းထိုးနေရာတွင်ထိုင်ရသည်။

နျဲ့ဟွိုက်စန်းသည် လွန်စွာမှ စိတ်မသက်မသာ ခံစားရပါ၏။
ကျန်းဝမ်ရင်သည် ယွင်မုန်ကျန်းကို ပြန်လည် တည်ထောင်သူ အသက်အငယ်ဆုံးဂိုဏ်းချုပ်ဆိုလည်းမမှား...
သူနှင့် အသက်မတိမ်းဖြစ်ရုံသာမက ဓားရေး သည်လည်းမခေ...
နျဲ့ဟွိုက်စန်းသည် ဓားပျံတောင် မစီးတတ်သည့် သုံညအဆင့်...
ကူစူးမှာ စာသင်သားအဖြစ် ကျန်းချန်နဲ့အတူတူ စာသင်ခဲ့စဉ်က ပခုံးဖက် ပေါင်းလာခဲ့သော်လည်း ယခု ဂိုဏ်းချုပ်ဖြစ်ပြီးနောက် အိနြေ္ဒတစ်ခွဲသားနဲ့ ကျန်းချန်ကိုတော့ သူကြည့်မရပေ...

"တကော...ကျွန်တော် အပြင်ခဏ သွားဦးမယ်..."

"ဘာဖြစ်ရပြန်ပြီလဲ..."

IntentionallyWhere stories live. Discover now