4(unicode)

168 20 0
                                    

"အားယွမ်....အားယွမ်  ငါ့ကြာပင်ပေါက်တွေကို မနှုတ်ပါနဲ့ဆို "

ဝေ့ဝူရှန်းသည် လေးနှစ်ကလေး ပေါက်စိကွေး နှင့်အပြိုင် ကတ်ကတ်လန်ရန်တွေ့နေလေ၏။

"ဒီလိုအပင်ပေါက်တွေရဖို့ ငါလေး ဘယ်လောက်တောင် အပင်ပန်းခံထားရသလဲလို့.....အားယွမ်... မင်းတော်တော် ရက်စက်တဲ့ကလေးပဲ "

အားယွမ်သည် ကိုယ့်အပြစ်ကို သိစွာပင် လှေကားထစ်တွင် ငိုမဲ့မဲ့ မျက်နှာလေးဖြင့် ငုတ်တုပ်လေးထိုင်နေ၏။

ရွံ့အိုင်ထဲတွင်တော့ ဝေ့ဝူရှန့်သည် ပါးစပ်မှ ပေါက်ပေါက်ဖောက်ရင်း ကြာပင်မျိုးစေ့တွေ ထပ်ချနေပြန်သည်။

" ကိုကိုသူေဋ္ဌးလာပြီ !!!!!!"

အဆူခံထားတာ မကြာသေးသော်ငြား အားယွမ်သည် လန်ဝမ်ကျိကို မြင်သည်နှင့် ခြေထောက်ကို တွယ်ဖက်ကာ တခစ်ခစ်ရီမောနေသည်။

လန်ဝမ်ကျိသည် အားယွမ်ကို ပွေ့ချီကာ ဝေ့ဝူရှန့်ရှိရာသို့ တစ်လှမ်းချင်းလျှောက်လာသည်။

"အိုင်းယား လန်ကျန့် မင်း ဒီကိုလာတာ ချောင်းပေါက်တော့မယ် မဟုတ်မှလွဲရော မင်း....ငါတို့တောင်ပေါ်က ဝမ်ချင်ကို ကြိုက်နေတာများလား..."

" မဟုတ်ဘူး "

"ဒါမှ မဟုတ်ရင် မှန်းစမ်း ဘယ်အချောအလှလေးကများ ငါတို့ ဟန်ကွမ်ကျွင်းကို ကူးစူးနဲ့ ရီလင်းတောင်ကို ခေါက်တုံ့ခေါက်ပြန် သွားရအောင် လုပ်နေတာပါလိမ့်....."

"ဝေ့ရင်း..... ငါနဲ့ ကူစူးကို လိုက်ခဲ့ "

ဝေ့ဝူရှန့်သည် တူးစွနေတဲ့ တူရွင်းကို ချပြီး ရွံ့အိုင်ထဲမှ တက်လာကာ...

"လန်ကျန့်ရာ.... လန်ကျန့် မင်းနဲ့ငါ အဲ့ ကိစ္စ နဲ့ စကားများရဦးမှာလား အဲ့ဒါဆို ငါမေးမယ် ငါ့ကိုကျ ကူစူးကို ခေါ်ပြီး မင်းကျတော့ ဘာလို့ ရီလင်းမှာ လာမနေတုန်း.... "

"မင်းကို ဖွက်ထားချင်လို့.... "

"ဘာ....ဘာရယ်..."

" ဒီတောင်ပေါ်က လူတွေအတွက် ငါတာဝန်ယူတယ်.... "

ဝေဝူရှန့်သည် အံ့အားသင့်မယုံကြည်နိုင်လွန်း၍ စကားလုံးများ ပျောက်ရှ မတက်ပင်...

IntentionallyWhere stories live. Discover now